ရခိုင္ျပည္နယ္ ၿမိိဳ႕နယ္္ ေျခာက္ခုက မသန္စြမ္း ၄၈ ဦးတို႔ကို ေျခတုေတြ တပ္ဆင္ေပး

0
956

ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၆ ခုမွာ မသန္စြမ္းသူ ၄၈ ဦးတို႔ကို ဒီကေန႔ ေဖေဖာာ္ဝါရီလ ၇ ရက္ေန႔မွာ ေျခတုေတြ တပ္ဆင္ေပးခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာရွိတဲ့ မသန္စြမ္းေတြအေနနဲ႔ အဘက္ဘက္ကခ်ိဳ႕တဲ့ေနသူေတြျဖစ္သလို ေထာက္ပံ့ကူညီေရး အဖြဲ႔ေတြရဲ႕ အကူအညီေတြကို ရရွိမႈနည္းပါတဲ့အတြက္ မိမိကိုယ္တိုင္ ႐ုန္းကန္လႈပ္ရွားႏိုင္ေအာင္ ရည္ရြယ္ၿပီးေတာ့ တပ္ဆင္ေပးရတာျဖစ္တယ္လို႔ ေရႊမင္းသားေဖာင္ေဒးရွင္း(ျမန္မာ)ရဲ႕ ဥကၠ႒ ဦးျမတ္သူ ဝင္းက ေျပာပါတယ္။

အဲဒီ မသန္စြမ္းသူ ၄၈ ဦးတို႔အတြက္ ေျခတုေတြကို ေရႊမင္းသားေဖာင္ေဒးရွင္း (ျမန္မာ) နဲ႔ LDSC (LATTER-DAY SAINT CHARITIES) တို႔မွ ပူးေပါင္းလွဴဒါန္း ေပးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် မြို့နယ် ခြောက်ခုက မသန်စွမ်း ၄၈ ဦးတို့ကို ခြေတုတွေ တပ်ဆင်ပေး

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၆ ခုမှာ မသန်စွမ်းသူ ၄၈ ဦးတို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ခြေတုတွေတပ်ဆင်ပေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ မသန်စွမ်းတွေအနေနဲ့ အဘက်ဘက်ကချို့တဲ့နေသူတွေဖြစ်သလို ထောက်ပံ့ ကူညီရေး အဖွဲ့တွေရဲ့ အကူအညီတွေကို ရရှိမှုနည်းပါတဲ့အတွက် မိမိကိုယ်တိုင် ရုန်းကန်လှုပ်ရှားနိုင်အောင် ရည်ရွယ်ပြီးတော့ တပ်ဆင်ပေးရတာဖြစ်တယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးမြတ်သူ ဝင်းက ပြောပါတယ်။

အဲဒီ မသန်စွမ်းသူ ၄၈ ဦးတို့အတွက် ခြေတုတွေကို ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နဲ့ LDSC (LATTER-DAY SAINT CHARITIES) တို့မှ ပူးပေါင်းလှူဒါန်း ပေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)