​ေဗဒင္​ဆရာ​ ေအာင္​ခ်စ္​ပိုကို ပုဒ္​မ ၂ ခုနဲ႔ ဒိန္းေဒါင္ရဲ႕ သမီးက အမႈဖြင္​့

0
1168

​ေဗဒင္​ဆရာ​ ေအာင္​ခ်စ္​ပိုကို ပုဒ္​မ ႏွစ္ခုနဲ႔ ဒီေန႔ ​ေဖ​ေဖာ္​ဝါရီလ ၇ ရက္​​ေန႔ စမ္​း​ေခ်ာင္​းၿမိဳ႕မ ရဲစခန္​းမွာ ဟာသလူရႊင္​​ေတာ္​ ဒိန္​း​ေဒါင္​ရဲ႕ သမီး မျမတ္ႏိုးဦး (ခ) ဒိန္​းပိုပို​ေဒါင္​က အမႈဖြင္​့တိုင္​ၾကားခဲ့ပါတယ္​။

ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ၉ ထပ္​ႀကီးဘုရားမွာ ေဗဒင္ေဟာခန္း ဖြင့္လွစ္ထားတဲ့ ​ေဗဒင္​ဆရာ​ ေအာင္​ခ်စ္​ပို ဆီကို မျမတ္ႏိုးဦးက သူငယ္ခ်င္းတစ္ဦးနဲ႔အတူ လြန္ခဲ့တဲ့ ၆ ႏွစ္ခန္႔က ပညာေရးနဲ႔ ပတ္သက္ၿပီး သြားေရာက္ ေမးျမန္းရာမွာ ပညာေရး၊ အခ်စ္ေရး အဆင္ေျပခ်င္ရင္ ကိုယ္ခႏၶာကို ဆီမန္းလိမ္းရမယ္ဆိုၿပီး အေျပာခံခဲ့ရတာ ျဖစ္ပါတယ္။

မျမတ္ႏိုးဦးက ျငင္းဆန္ခဲ့ေပမယ့္ သူ႔သူငယ္ခ်င္းကို အျပင္ထြက္ခိုင္းၿပီး ေနာက္ဆံုး ခႏၶာကိုယ္ကို အလိမ္းခံခဲ့ရတာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဘယ္ေနရာကို လိမ္းတယ္ဆိုတာေတာ့ ေျပာျပလို႔ မရဘူးလို႔ သူက ေျဖပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

​ဗေဒင်​ဆရာ​ အောင်​ချစ်​ပိုကို ပုဒ်​မ ၂ ခုနဲ့ ဒိန်းဒေါင်ရဲ့ သမီးက အမှုဖွင်​့

​ဗေဒင်​ဆရာ​ အောင်​ချစ်​ပိုကို ပုဒ်​မ နှစ်ခုနဲ့ ဒီနေ့ ​ဖေ​ဖော်​ဝါရီလ ၇ ရက်​​နေ့ စမ်​း​ချောင်​းမြို့မ ရဲစခန်​းမှာ ဟာသလူရွှင်​​တော်​ ဒိန်​း​ဒေါင်​ရဲ့ သမီး မမြတ်နိုးဦး (ခ) ဒိန်​းပိုပို​ဒေါင်​က အမှုဖွင်​့တိုင်​ကြားခဲ့ပါတယ်​။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ၉ ထပ်​ကြီးဘုရားမှာ ဗေဒင်ဟောခန်း ဖွင့်လှစ်ထားတဲ့ ​ဗေဒင်​ဆရာ​ အောင်​ချစ်​ပို ဆီကို မမြတ်နိုးဦးက သူငယ်ချင်းတစ်ဦးနဲ့အတူ လွန်ခဲ့တဲ့ ၆ နှစ်ခန့်မှာ ပညာရေးနဲ့ ပတ်သက်ပြီး သွားရောက် မေးမြန်းရာမှာ ပညာရေး၊ အချစ်ရေး အဆင်ပြေချင်ရင် ကိုယ်ခန္ဓာကို ဆီမန်းလိမ်းရမယ်ဆိုပြီး အပြောခံခဲ့ရတာ ဖြစ်ပါတယ်။

မမြတ်နိုးဦးက ငြင်းဆန်ခဲ့ပေမယ့် သူ့သူငယ်ချင်းကို အပြင်ထွက်ခိုင်းပြီး နောက်ဆုံး ခန္ဓာကိုယ်ကို အလိမ်းခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဘယ်နေရာကို လိမ်းတယ်ဆိုတာတော့ ပြောပြလို့ မရဘူးလို့ သူက ဖြေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)