
0
1160





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါက်တာ ဂျက် လေဒါရဲ့ ရိုဟင်ဂျာစာတမ်းကို မထည့်ဖို့ ပညာရှင်တွေ ကန့်ကွက်

အောက်စဖို့ဒ် တက္ကသိုလ် ပုံနှိပ်တိုက်က ထည့်သွင်းရိုက်နှိပ်မယ့် ဒေါက်တာ ဂျက် လေဒါရဲ့ ရိုဟင်ဂျာ စာတမ်းဟာ ဘက်လိုက်တယ်၊ သူဟာ မြန်မာ တပ်မတော်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတယ်ဆိုပြီး ပညာရှင်နဲ့ တက်ကြွလှုပ်ရှားသူ ၈၀ က ကန့်ကွက်ထားပါတယ်။

ရခိုင်အရေး ကျွမ်းကျင်သူ၊ ကုလသမဂ္ဂ အကြီးတန်း အကြံပေး ဒေါက်တာ ဂျက် လေဒါရဲ့ ရိုဟင်ဂျာဆိုင်ရာ ရည်ညွှန်း စာတမ်းကို အောက်စဖို့ဒ် သုတေသန စွယ်စုံကျမ်းတွဲမှာ ထည့်သွင်း ပုံနှိပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ကန့်ကွက်ကြောင်း လက်မှတ်ထိုးသူတွေထဲမှာ အောက်စဖို့ဒ် တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခတွေ ဖြစ်တဲ့ ဘာဘရာ ဟာရယ် ဘွန်း၊ ဘာဘရာ ဟားရစ် ဝှိုက်တို့နဲ့ ပရင့်စတန် တက္ကသိုလ်က ပါမောက္ခ ရစ်ချတ် ဖော့်ခ်တို့ ပါဝင်ပါတယ်။

ဘန်ကောက် အခြေစိုက် အရှေ့ဖျား လေ့လာရေး ပြင်သစ်ကျောင်းရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ လေဒါဟာ တပ်မတော် စစ်သမိုင်းပြတိုက်ရဲ့ နာမည်ကျော် အကြံပေးလည်း ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)