ရခိုင္ျပည္နယ္အေရး ဆာသီရာထိုင္းရဲ႕ အားထုတ္မႈကို အာဆီယံအဖြဲ႕ဝင္ေတြ ေထာက္ခံ

0
1008

ရခိုင္ျပည္နယ္အေရးမွာ ထိုင္းႏိုင္ငံျခားေရး ဝန္ႀကီးေဟာင္း ေဒါက္တာ ဆူရာကီရတ္ ဆာသီရာထိုင္းရဲ႕ ႀကိဳးပမ္းအားထုတ္မႈကို မေန႔က ေဖေဖာ္ဝါရီ ၆ ရက္ စင္ကာပူမွာ က်င္းပတဲ့ အာဆီယံ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား အစည္းအေဝးက အျပည့္အဝ ေထာက္ခံလိုက္ပါတယ္။

မစၥတာ ကိုဖီအာနန္ရဲ႕ အႀကံေပးခ်က္အတိုင္း ျမန္မာႏိုင္ငံအေနနဲ႔ ဆက္လက္ အေကာင္အထည္ ေဖာ္ဖို႔ကိုလည္း ႏိုင္ငံျခားေရး ဝန္ႀကီးေတြက တိုက္တြန္းပါတယ္။

ႏိုင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေဒါက္တာ ဆာသီရာထိုင္းကို ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရး ေကာ္မတီကို ဦးေဆာင္ဖို႔ ခန္႔အပ္ထားတာ ျဖစ္ပါတယ္။

ပါေမာကၡ ဆာသီရာထိုင္းရဲ႕ စြမ္းေဆာင္ရွည္နဲ႔ ဦးေဆာင္တဲ့ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရး ေကာ္မတီကို ႀကိဳဆိုေၾကာင္း စင္ကာပူ ႏိုင္ငံျခားေရးဝန္ႀကီး ဗီဗီယန္ ဘလာခရစ္ရွနန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်အရေး ဆာသီရာထိုင်းရဲ့ အားထုတ်မှုကို အာဆီယံအဖွဲ့ဝင်တွေ ထောက်ခံ

ရခိုင်ပြည်နယ်အရေးမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီရတ် ဆာသီရာထိုင်းရဲ့ ကြိုးပမ်းအားထုတ်မှုကို မနေ့က ဖေဖော်ဝါရီ ၆ ရက် စင်ကာပူမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးက အပြည့်အဝ ထောက်ခံလိုက်ပါတယ်။

မစ္စတာ ကိုဖီအာနန်ရဲ့ အကြံပေးချက်အတိုင်း မြန်မာနိုင်ငံအနေနဲ့ ဆက်လက် အကောင်အထည် ဖော်ဖို့ကိုလည်း နိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာ ဆာသီရာထိုင်းကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကို ဦးဆောင်ဖို့ ခန့်အပ်ထားတာ ဖြစ်ပါတယ်။

ပါမောက္ခ ဆာသီရာထိုင်းရဲ့ စွမ်းဆောင်ရှည်နဲ့ ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကို ကြိုဆိုကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှနန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)