ကုလ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕အတြက္ ျမန္မာကို အိႏၵိယက သင္တန္းေပး

0
367

ကုလသမဂၢ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းေရး တပ္ဖြဲ႔မွာ ပါဝင္ႏိုင္ေရးအတြက္ ျမန္မာ တပ္မေတာ္ တပ္ဖြဲ႔ဝင္ေတြကို အိႏၵိယစစ္တပ္က ကိုယ္စားလွယ္ေတြ ေနျပည္ေတာ္မွာ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ကစၿပီး သင္တန္းေပးေနပါတယ္။

အနာဂတ္မွာ ကုလသမဂၢက ခ်ေပးမယ့္ တာဝန္ေတြကို ထမ္းေဆာင္ႏိုင္စြမ္းရွိေအာင္ ျမန္မာ့ တပ္မေတာ္ တပ္ဖြဲ႔ဝင္ ၃၀ ခန္႔ကို ၁၅ ရက္ၾကာ ေလ့က်င့္သင္တန္းေပးမွာ ျဖစ္တယ္လို႔ အိႏၵိယ စစ္တပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီလို ပူးတြဲ ေလ့က်င့္မႈဟာ အိမ္နီးခ်င္း ႏွစ္ႏိုင္ငံ စစ္တပ္ခ်င္း ဆက္ဆံေရး ေကာင္းမြန္လာဖို႔လည္း ရည္ရြယ္တဲ့ ကနဦး လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။

အိႏၵိယ စစ္တပ္ဟာ ကုလသမဂၢ တပ္ဖြဲ႔မွာ ဆယ္စုႏွစ္ ၇ ခုၾကာ ပါဝင္လုပ္ေဆာင္ခဲ့လို႔ အေတြ႔အႀကံဳ ၾကြယ္ဝၿပီး ကုလသမဂၢရဲ႕ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈ လုပ္ငန္းစဥ္ေတြမွာ ပေရာ္ဖက္ရွင္နယ္က်က် ပူးေပါင္း လုပ္ေဆာင္ႏုိင္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့အတွက် မြန်မာကို အိန္ဒိယက သင်တန်းပေး

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့မှာ ပါဝင်နိုင်ရေးအတွက် မြန်မာ တပ်မတော် တပ်ဖွဲ့ဝင်တွေကို အိန္ဒိယစစ်တပ်က ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး သင်တန်းပေးနေပါတယ်။

အနာဂတ်မှာ ကုလသမဂ္ဂက ချပေးမယ့် တာဝန်တွေကို ထမ်းဆောင်နိုင်စွမ်းရှိအောင် မြန်မာ့ တပ်မတော် တပ်ဖွဲ့ဝင် ၃၀ ခန့်ကို ၁၅ ရက်ကြာ လေ့ကျင့်သင်တန်းပေးမှာ ဖြစ်တယ်လို့ အိန္ဒိယ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလို ပူးတွဲ လေ့ကျင့်မှုဟာ အိမ်နီးချင်း နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေး ကောင်းမွန်လာဖို့လည်း ရည်ရွယ်တဲ့ ကနဦး လုပ်ဆောင်ချက် ဖြစ်ပါတယ်။

အိန္ဒိယ စစ်တပ်ဟာ ကုလသမဂ္ဂ တပ်ဖွဲ့မှာ ဆယ်စုနှစ် ၇ ခုကြာ ပါဝင်လုပ်ဆောင်ခဲ့လို့ အတွေ့အကြုံ ကြွယ်ဝပြီး ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်တွေမှာ ပရော်ဖက်ရှင်နယ်ကျကျ ပူးပေါင်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)