
0
697
(သတင်းဌာန – EPA\NYEIN CHAN NAING)




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်ဖို့ လွတ်လပ်ရေး မော်ကွန်းဝင်တွေကို ဖိတ်ခေါ်

၇၃ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်လိုတဲ့ လွတ်လပ်ရေး မော်ကွန်းဝင်တွေ လျှောက်လွှာပေးပို့ကြဖို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။

လာမယ့် မတ်လ ၂၇ ရက်နေ့မှာကျရောက်မယ့် ၇၃ နှစ်ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွက် လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်တွေကို တပ်မတော်က ဖိတ်ခေါ်လိုက်တာပါ။

တက်ရောက်လိုတဲ့ လွတ်လပ်ရေးမော်ကွန်းဝင်တွေအနေနဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ မော်ကွန်းကွန်အမှတ်၊ မော်ကွန်းဝင်အဆင့်၊ မော်ကွန်းဝင်ရရှိစဉ်က နေရပ်လိပ်စာနဲ့ လက်ရှိ နေရပ်လိပ်စာတွေကို အပြည့်အစုံဖော်ပြပြီး နီးစပ်ရာ တိုင်းစစ်ဌာနချုပ် (စစ်ရေးဌာန) တွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ပေးပို့ကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)