
0
288




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(၇၁)မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား နမ့်စန်မြို့မှာ ကျင်းပ
ဖေဖော်ဝါရီလ ၇ ရက် နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို နမ့်စန် မြို့မှာ ဒီကနေ မနက် ၈ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်နေ့အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် နဲ့ ရှမ်းတိုင်းရင်းသားများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

အခမ်းအနားမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ရှမ်း၊ မြန်မာ နှစ်ဘာသာနဲ့ ဖတ်ကြားခဲ့ပြီး ရှမ်းစာပေနဲ့ယဉ်ကျေးမှု အသင်းက ရှမ်းတိုင်းရင်းသူတွေ က ရိုးရာ အကအလှတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)