တ႐ုတ္ရဲ႕ ရပ္၀န္းနဲ႔ ပိုးလမ္းမအစီအစဥ္မွာ ပတ္၀န္းက်င္ထိန္းသိမ္းေရး သတိထားဖို႔ ျမန္မာကို ကုလတိုက္တြန္း

0
231

တ႐ုတ္ႏိုင္ငံက ဦးေဆာင္အေကာင္အထည္ေဖာ္မယ့္ ရပ္၀န္းႏွင့္ ပိုးလမ္းမဆိုင္ရာ အစီအစဥ္ ေအာက္မွာ ျမန္မာႏိုင္ငံအေနနဲ႔ ပတ္၀န္းက်င္ ထိန္းသိမ္းေရး အစီအစဥ္ေတြကို သတိထားေထာင္ရြက္ဖို႔ ကုလသမဂၢအဖြဲ႔ႀကီးက တိုက္တြန္းလိုက္ပါတယ္။

ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကုလသမဂၢ ပတ္၀န္းက်င္ထိန္းသိမ္းေရးအစီအစဥ္ United Nations Environment Programme (UNEP) ရဲ႕ အမွဳေဆာင္ ညႊန္ၾကားေရးမွဴးနဲ႔ ကုလသမဂၢ ဒုတိယအတြင္းေရးမွဴးခ်ဳပ္ Mr. Erik Solheim တို႔ ေဖေဖာ္၀ါရီလ ၆ ရက္ေန႔က ေနျပည္ေတာ္မွာ ေတြ႔ဆံုစဥ္ အဲ့ဒီလို တိုက္တြန္းခဲ့တာပါ။

အဲဒီေတြ႔ဆံုမွဳထဲမွာေတာ့ အသံုးျပဳၿပီးပစၥည္းေတြ ျပန္လည္အသံုးခ်မွဳဆိုင္ရာ နည္းပညာ၊ စြန္႔ပစ္ပစၥည္း စီမံခန္႔ခြဲမွဳ၊ စိုက္ပ်ိဳးေရးက႑ဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္စတဲ့ က႑ေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်ရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမအစီအစဉ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သတိထားဖို့ မြန်မာကို ကုလတိုက်တွန်း

တရုတ်နိုင်ငံက ဦးဆောင်အကောင်အထည်ဖော်မယ့် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ အစီအစဉ် အောက်မှာ မြန်မာနိုင်ငံအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်တွေကို သတိထားထောင်ရွက်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် United Nations Environment Programme (UNEP) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးနဲ့ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Mr. Erik Solheim တို့ ဖေဖော်ဝါရီလ ၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် အဲ့ဒီလို တိုက်တွန်းခဲ့တာပါ။

အဲ့ဒီတွေ့ဆုံမှုထဲမှာတော့ အသုံးပြုပြီးပစ္စည်းတွေ ပြန်လည်အသုံးချမှုဆိုင်ရာ နည်းပညာ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စတဲ့ ကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)