
0
270




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်ကို ပြန်လာသူတွေ ဥပဒေနဲ့အညီ နေထိုင်ဖို့ လိုအပ်

ဘင်္ဂလားဒေ့ရှ်ဘက်က နေရပ်ပြန်လာမယ့် သူတွေအနေနဲ့ ဥပဒေနဲ့အညီ နေထိုင်ဖို့ လိုအပ်ပြီး အစိုးရဘက်ကလည်း ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးတွေ ပေးဖို့ လိုတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

နိုင်ငံတွင်း နေထိုင်သူတစ်ဦးဟာ မိမိအကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်ဖို့ လိုသလို တည်ငြိမ်အေးချမ်းရေး အတွက်လည်း တာဝန်ယူဖို့ လိုအပ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ မိမိဆန္ဒအလျောက် နေရပ်ပြန်ခြင်းဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲမှာ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသွားတာ ဖြစ်ပါတယ်။

ဥပဒေနဲ့အညီ နိုင်ငံသား ဖြစ်ထိုက်သူတွေကို နိုင်ငံသားပေးရမှာ ဖြစ်ကြောင်း၊ National Verification Process ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်းလည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)