႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးကို ငါးႀကိမ္ေျမာက္ ႐ံုးထုတ္

0
275

ျမန္မာႏိုင္ငံ အစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ အမႈဖြင့္ ဖမ္းဆီးခံထားရတဲ့ ႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးကို ေဖေဖာ္ဝါရီ ၆ ရက္ေန႔က ရန္ကုန္တိုင္း၊ ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးမွာ ငါးႀကိမ္ေျမာက္ ႐ံုးထုတ္စစ္ေဆးပါတယ္။

သတင္းေထာက္ ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္နဲ႔ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔ ႐ံုးထုတ္ကို သတင္းေထာက္ေတြနဲ႔ သံတမန္ေတြ လာေရာက္ခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ံုးက ဒီကေန႔ ေန႔စြဲနဲ႔ ႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးကို အျမန္ဆံုး လႊတ္ေပးဖို႔ေတာင္ဆိုေၾကာင္းနဲ႔ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ ဆိုေပမယ့္ အခု အမ်ားျပည္သူ သိေနတဲ့ အခ်က္အလက္ေတြ ျဖစ္သြားေၾကာင္း ေၾကညာခ်က္ ထုတ္ထားပါတယ္။

ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္နဲ႔ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔ကို မႏွစ္က ဒီဇင္ဘာ ၁၂ ရက္ေန႔ ည ၁၁ နာရီခြဲမွာ ရန္ကုန္တိုင္း၊ ေထာက္ၾကန္႔ ရဲစခန္းမွာ ႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္ဥပေဒနဲ႔ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာ သတင်းထောက် နှစ်ဦးကို ငါးကြိမ်မြောက် ရုံးထုတ်

မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို ဖေဖော်ဝါရီ ၆ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင် တရားရုံးမှာ ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးပါတယ်။

သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ ရုံးထုတ်ကို သတင်းထောက်တွေနဲ့ သံတမန်တွေ လာရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ဒီကနေ့ နေ့စွဲနဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို အမြန်ဆုံး လွှတ်ပေးဖို့တောင်ဆိုကြောင်းနဲ့ နိုင်ငံတော် လျှို့ဝှက်ချက် ဆိုပေမယ့် အခု အများပြည်သူ သိနေတဲ့ အချက်အလက်တွေ ဖြစ်သွားကြောင်း ကြေညာချက် ထုတ်ထားပါတယ်။

ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မနှစ်က ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲမှာ ရန်ကုန်တိုင်း၊ ထောက်ကြန့် ရဲစခန်းမှာ နိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)