
0
275




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်သစ် ခန့်အပ်

တာဝန်ပြီးဆုံးသွားတဲ့ သံအမတ်ကြီး မစ္စတာ မိုဟာမက် ဆူဖီအူရ် ရာဟ်မာန် နေရာမှာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်သစ်အဖြစ် မစ္စတာ မန်ဂျူရူလ် ကရင်ခမ် ချောင်ဒရီကို ခန့်အပ်လိုက်ပါတယ်။

မစ္စတာ မန်ဂျူရူလ် ကရင်ခမ် ချောင်ဒရီဟာ သိပ္ပံဘွဲ့၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဘွဲ့တို့ကို ရရှိထားပြီး ၁၉၉၈ ခုနှစ်ကစကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ စတင် တာဝန်ထမ်း ဆောင်ပါတယ်။

ဘရူနိုင်းနိုင်ငံဆိုင်ရာ မဟာမင်းကြီးရုံး၊ အီတလီနိုင်ငံဆိုင်ရာ သံရုံး၊ ဗြိတိန်နိုင်ငံဆိုင်ရာ သံမှူး၊ တူရကီနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားရေး ဝန်ကြီးဌာန၊ ဥရောပနှင့် ဥရောပသမဂ္ဂ ညွှန်ကြားရေးမှူး၊ အရှေ့တောင်အာရှိဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)