ဗုိလ္ႀကီး အေယာင္ေဆာင္ၿပီး တရားမ၀င္ ေက်ာက္စိမ္း အ႐ိုင္းတံုးေတြ သယ္ေဆာင္

0
964

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၄၈ လမ္းႏွင့္ ေအာင္ေဇယ်လမ္းေထာင့္မွာ ေဖေဖာ္၀ါရီလ ၆ ရက္ေန႕က တရားမ၀င္ ေက်ာက္စိမ္းတံုးေတြကို ဗိုလ္ႀကီးအေယာင္ေဆာင္ၿပီး သယ္ေဆာင္လာတဲ့ ယာဥ္ေမာင္း ေစာသန္းဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ပါတယ္။

ယာဥ္ေမာင္းေစာသန္းေဇာ္ဦးဟာ နယ္ျခားေစာင့္တပ္က ဗိုလ္ႀကီးအဆင့္ တာ၀န္ထမ္းေဆာင္ေနသူ အျဖစ္ တပ္ဖြဲ႕၀င္ကဒ္နဲ႕အတူ စာရြက္စာတမ္းအတုေတြ ကိုင္ေဆာင္ထားသူျဖစ္ၿပီး တရားမ၀င္ေက်ာက္စိမ္းတုံုး ေတြကို လိုင္စင္မဲ့ Crown အမ်ဳိးအစား ယာဥ္ကိုေမာင္းႏွင္လာစဥ္မွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာပါ။

အဲဒီလို ဖမ္းဆီးရမိတဲ့ ဗိုလ္ႀကီးအေယာင္ေဆာင္ ေစာသန္းေဇာ္ဦးနဲ႔အတူ ေမာ္ေတာ္ယာဥ္ နဲ႕ ေက်ာက္စိမ္း တံုးေတြကို ေအာင္ပင္လယ္ရဲစခန္း နဲ႔ မႏၲေလးၿမိဳ႕ အေကာက္ခြန္ဦးစီးဌာနကို စနစ္တက် လႊဲေျပာင္းေပး အပ္ခဲ့ၿပီး တရားဥပေဒအရ ဆက္လက္အေရးယူသြားမွာျဖစ္တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ံုးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုလ်ကြီး အယောင်ဆောင်ပြီး တရားမဝင် ကျောက်စိမ်း အရိုင်းတုံးတွေ သယ်ဆောင်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၄၈ လမ်းနှင့် အောင်ဇေယျလမ်းထောင့်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က တရားမဝင် ကျောက်စိမ်းတုံးတွေကို ဗိုလ်ကြီးအယောင်ဆောင်ပြီး သယ်ဆောင်လာတဲ့ ယာဉ်မောင်း စောသန်းဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ယာဉ်မောင်းစောသန်းဇော်ဦးဟာ နယ်ခြားစောင့်တပ်က ဗိုလ်ကြီးအဆင့် တာဝန်ထမ်းဆောင်နေသူ အဖြစ် တပ်ဖွဲ့ဝင်ကဒ်နဲ့အတူ စာရွက်စာတမ်းအတုတွေ ကိုင်ဆောင်ထားသူဖြစ်ပြီး တရားမဝင်ကျောက်စိမ်းတုုံး တွေကို လိုင်စင်မဲ့ Crown အမျိုးအစား ယာဉ်ကိုမောင်းနှင်လာစဉ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

အဲဒီလို ဖမ်းဆီးရမိတဲ့ ဗိုလ်ကြီးအယောင်ဆောင် စောသန်းဇော်ဦးနဲ့အတူ မော်တော်ယာဉ် နဲ့ ကျောက်စိမ်း တုံးတွေကို အောင်ပင်လယ်ရဲစခန်း နဲ့ မန္တလေးမြို့ အကောက်ခွန်ဦးစီးဌာနကို စနစ်တကျ လွှဲပြောင်းပေး အပ်ခဲ့ပြီး တရားဥပဒေအရ ဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)