NCA လက္မွတ္ထိုးမယ့္ အခမ္းအနား သတင္းယူဖို႔ ျပန္ၾကားေရးဖိတ္ေခၚ

0
1009

တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔အစည္းႏွစ္ခု NCA မွာ လက္မွတ္ေရးထိုးမယ့္ အခမ္းအနားကို တက္ေရာက္ သတင္းယူလိုတဲ့ သတင္းမီဒီယာသမားေတြ စာရင္းေပးပို႔ၾကဖို႔ ျပန္ၾကားေရး၀န္ႀကီးဌာန သတင္းထုတ္ျပန္လိုက္ပါတယ္။

မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူဒီမိုကရက္တစ္အစည္းအ႐ံုး (LDU) တို႔ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA မွာ လက္မွတ္ေရးထိုးဖို႔ရွိေနတာပါ။

အဲဒီလက္မွတ္ေရးထိုးမယ့္ အခမ္းအနားကို ေဖေဖာ္၀ါရီ ၁၃ ရက္ေန႔မွာ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန (၂) MICC-II မွာ က်င္းပဖို႔ ရွိေနတာလဲျဖစ္ပါတယ္။ ဒါေၾကာင့္ တက္ေရာက္သတင္းရယူလိုတဲ့ ျပည္တြင္းသတင္းမီဒီယာသမားေတြအေနနဲ႔ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာန၊ မူပိုင္ခြင့္ႏွင့္ မွတ္ပံုတင္ဌာနခြဲ Email လိပ္စာ epprmyanmar@gmail.com ကို ဆက္သြယ္ၾကရမွာပါ။

ျပည္ပသတင္းမီဒီယာသမားေတြ အေနနဲ႔ကေတာ့ သတင္းႏွင့္ စာနယ္ဇင္း လုပ္ငန္းရဲ႕ Email လိပ္စာ myogyi.npe@gmail.com ကို ဆက္သြယ္ စာရင္းေပးသြင္းၾကရမွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NCA လက်မှတ်ထိုးမယ့် အခမ်းအနား သတင်းယူဖို့ ပြန်ကြားရေးဖိတ်ခေါ်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခု NCA မှာ လက်မှတ်ရေးထိုးမယ့် အခမ်းအနားကို တက်ရောက် သတင်းယူလိုတဲ့ သတင်းမီဒီယာသမားတွေ စာရင်းပေးပို့ကြဖို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်လိုက်ပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ရှိနေတာပါ။

အဲဒီလက်မှတ်ရေးထိုးမယ့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) MICC-II မှာ ကျင်းပဖို့ ရှိနေတာလဲဖြစ်ပါတယ်။ ဒါကြောင့် တက်ရောက်သတင်းရယူလိုတဲ့ ပြည်တွင်းသတင်းမီဒီယာသမားတွေအနေနဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ Email လိပ်စာ epprmyanmar@gmail.com ကို ဆက်သွယ်ကြရမှာပါ။

ပြည်ပသတင်းမီဒီယာသမားတွေ အနေနဲ့ကတော့ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းရဲ့ Email လိပ်စာ myogyi.npe@gmail.com ကို ဆက်သွယ် စာရင်းပေးသွင်းကြရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)