အစိုးရခြင့္ျပဳထားတဲ့ သတင္းေအဂ်င္စီလုပ္ငန္း ၁၀၀ နီးပါးရွိ

0
1008
(သတင္းဓာတ္ပံု – EPA/LYNN BO BO)

အစိုးရက ခြင့္ျပဳထားတဲ့ သတင္းေအဂ်င္စီလုပ္ငန္း လုပ္ကိုင္ခြင့္ရွိသူ ၁၀၀ နီးပါးအထိ ရွိေနတယ္လို႔ သတင္းထုတ္ျပန္လာပါတယ္။

၂၀၁၄ ခုႏွစ္ ေအာက္တိုဘာလ ေနာက္ပိုင္းကေန ၂၀၁၈ ခုႏွစ္ ေဖေဖာ္၀ါရီလဆန္းပိုင္းအထိ သတင္းေအဂ်င္စီလုပ္ငန္း ၉၆ ခုကို လုပ္ကိုင္ခြင့္ျပဳခဲ့တာလို႔ ျပန္ၾကားေရး၀န္ႀကီးဌာန သတင္းထုတ္ျပန္ထားတာပါ။

အဲဒီသတင္းထုတ္ျပန္ခ်က္ထဲမွာပဲ အစိုးရအေနနဲ႔ ပံုႏွိပ္လုပ္ငန္း ၁၄၈၄ ဦးနဲ႔ ထုတ္ေ၀ေရးလုပ္ငန္း ၂၂၉၆ ဦးကိုလည္း ခြင့္ျပဳခဲ့တယ္လို႔လည္း ေဖာ္ျပထားတာပါ။

ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ ၂၀၁၄ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္ ႏွစ္ဆန္းပိုင္းအထိ စုစုေပါင္း ပံုႏွိပ္၊ ထုတ္ေ၀နဲ႔ သတင္းေအဂ်င္စီလုပ္ငန္းေပါင္း ၃၈၇၆ ဦးအထိ ရွိေနတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစိုးရခွင့်ပြုထားတဲ့ သတင်းအေဂျင်စီလုပ်ငန်း ၁၀ဝ နီးပါးရှိ

အစိုးရက ခွင့်ပြုထားတဲ့ သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသူ ၁၀ဝ နီးပါးအထိ ရှိနေတယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းကနေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းအထိ သတင်းအေဂျင်စီလုပ်ငန်း ၉၆ ခုကို လုပ်ကိုင်ခွင့်ပြုခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားတာပါ။

အဲဒီသတင်းထုတ်ပြန်ချက်ထဲမှာပဲ အစိုးရအနေနဲ့ ပုံနှိပ်လုပ်ငန်း ၁၄၈၄ ဦးနဲ့ ထုတ်ဝေရေးလုပ်ငန်း ၂၂၉၆ ဦးကိုလည်း ခွင့်ပြုခဲ့တယ်လို့လည်း ဖော်ပြထားတာပါ။

ဒါကြောင့် မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ စုစုပေါင်း ပုံနှိပ်၊ ထုတ်ဝေနဲ့ သတင်းအေဂျင်စီလုပ်ငန်းပေါင်း ၃၈၇၆ ဦးအထိ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)