
0
971




>>>>>>>>>>>>>>>>>>>>>>>>>>

ဆီယက်တဲလ် ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တယ်လို့ ဖေ့စ်ဘုတ် စွပ်စွဲခံရ

လွှမ်းမိုးမှုရှိတဲ့ လူမှုကွန်ရက်မှာ နိုင်ငံရေး ကြော်ငြာတွေအတွက် ငွေပေးနေမှုကို ထုတ်ဖော်ဖို့ လိုပြီး အဲဒီလို နိုင်ငံရေး ကြော်ငြာ ထည့်တာဟာ အမေရိကန်နိုင်ငံ၊ ဆီယက်တဲလ်ရဲ့ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

နိုင်ငံရေးကြော်ငြာတွေ နောက်ကွယ်က ငွေကြေးတွေနဲ့ ပတ်သက်လို့ ဖက်ဒရယ် အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ကတိပေးပြီးနောက် ဖေ့စ်ဘုတ်ဟာ အခုလို ပြင်းထန်တဲ့ စွပ်စွဲမှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဆီယက်တဲလ်မြို့ ရွေးကေက်ပွဲမှာ နိုင်ငံရေး ကြော်ငြာတွေအတွက် ငွေသုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်ဟာ အသေးစိတ် အချက်အလက်တွေ ပေးဖို့ ပျက်ကွက်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် အမှုဆောင် ဒါရိုက်တာ ဝိန်း ဘားနတ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)