တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို တင်ပြကြဖို့ ပြောဆို

0
341

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ အနေနဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း တင်ပြကြဖို့ ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နေပြည်တော် က နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ လွှတ်တော်အတွင်း ပြုလုပ်ခဲ့တဲ့ ကတိက၀တ်တွေကို အလေးထားဖို့နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စီမံကိန်းတွေ ဆောင်ရွက်နေမှု၊ ပြီးစီးမှု၊ တွေ့ကြုံရတဲ့ အခက်အခဲ စတာတွေကို ပြည်ထောင်စုအစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးရမယ့် ကိစ္စတွေရှိခဲ့ရင် ပွင့်ပွင့်လင်းလင်း တင်ပြစေလိုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)