လေယာဉ်ခေါက်ရေ ၆၀၀ ခန့် လေယာဉ်ဖြတ်ကျော် ပျံသန်းခတွေကို ကောက်ခံလျက်ရှိ

0
268

မြန်မာနိုင်ငံအပေါ်မှ နေ့စဉ်ဖြတ်ကျော်ပျံသန်းတဲ့ လေယာဉ်စီးရေဟာ နှစ်စဉ်တိုးတက်လျက်ရှိပြီး လက်ရှိမှာတစ်ရက်ကို လေယာဉ်ခေါက်ရေ (၆၀၀)ခန့် လေယာဉ်ဖြတ်ကျော် ပျံသန်းခတွေ ကောက်ခံလျက်ရှိတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒု-ဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ (ဒီကနေ့) မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း က မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်တွေ ကို ဖြတ်သန်း မောင်းနှင်လျက်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ လေယာဉ်တွေကို မည်သည့်ဝန်ကြီးဌာနမှ မည်သည့်ခုနှစ်တွင် စတင်ပြီး အခွန်ဘယ်လို ကောက်ခံ ကာ ရရှိတဲ့ အခွန်ဘဏ္ဍာငွေ တွေကို ဘယ်နေရာတွေမှာနရာမှာ သုံးစွဲတယ်ဆိုတာကိုသိလိုတာနဲ့ စပ်လျဉ်းပြီး မေးမြန်းခဲ့တဲ့အပေါ်မှာ အခုလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတကာလေကြောင်းလိုင်းတွေက အပြည်ပြည်ဆိုင်ရာ လေယာဉ် တွေကို လေယာဉ်ဖြတ်ကျော် ပျံသန်း ဝန်ဆောင်ခွင့်တွေကို ကောက်ခံလျက် ရှိရာ ၁၉၃၄ ခုနှစ်လေကြောင်း ဥပဒေကိုအခြေခံပြီး ၁၉၄၈ ခုနှစ်မှ စတင်ကောက်ခံခဲ့ပြီး လေယာဉ်ဖြတ်ကျော် ပျံသန်းခ ကောက်ခံရရှိမှုအနေနဲ့ ၂၀၁၅-၁၆ ခု၊ ဘဏ္ဍာရေး နှစ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၃.၂၃၃) သန်း၊၂၀၁၆-၁၇ ခု၊ ဘဏ္ဍာရေး နှစ်(၁၃.၁၂.၂၀၁၆) ရက်နေ့ အထိ စုစုပေါင်း အမေရိကန် ဒေါ်လာ (၅၈.၄၉၁) သန်းရရှိခဲ့တာပါ။

ဒါ့အပြင် လေယာဉ်ဖြတ်ကျော် ပျံသန်းဝန်ဆောင်ခ ကောက်ခံရရှိငွေတွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှတစ်ဆင့် နိုင်ငံတော်ကိုအပတ်စဉ် ပေးသွင်းလျက်ရှိပြီး ရရှိလာတဲ့ အခွန်အခတွေကို နိုင်ငံတော်ရဲ့ အစီအမံနဲ့သာ စနစ်တကျခွဲဝေ သုံးစွဲလျက်ရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)