တရားခံ ဖမ်းဆီးရာမှာ ပူးပေါင်းကူညီပေးခဲ့တဲ့ အငှားယာဉ်မောင်းကို ဂုဏ်ပြုငွေ ပေးအပ်

0
276

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းက လေဆိပ်ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့တွေ တရားခံဖမ်းဆီးရာ မှာပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့တဲ့ အဌားယာဉ်မောင်း ဦးကျော်ဦး ကိုဂုဏ်ပြုတဲ့ အခမ်းအနားဒီကနေ့ပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ရဲတပ်ဖွဲ့ရဲချုပ်ကိုယ်စား အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်မြဝင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အစည်း
အဝေး ခန်းမမှာ ပြုလုပ်ခဲ့တာပါ။ အဲဒီအခမ်းအနားဟာ လေဆိပ်ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့တွေ တရားခံဖမ်းဆီးရာမှာ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့တဲ့ အဌားယာဉ်မောင်း ဦးကျော်ဦးကိုဂုဏ်ပြုငွေကျပ် ၅ သိန်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် YAC ကုမ္ပဏီမှလည်း သိန်း၂၀၊ လေကြောင်းရဲတပ်ဖွဲ့မှ ၂ သိန်း နဲ့ အဌားယာဉ်ပြုပြင်ရာမှာကုန်ကျခဲ့တဲ့ ၂သိန်းကိုလည်း အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်မြဝင်း မှထပ်မံချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။အဲဒီလိုကူညီမှုနဲ့ပတ်သက်ပြီးရဲချုပ်ရဲ့ဂုဏ်ထူးဆောင်လက်မှတ်ကို ကိုနေဝင်းနဲ့ ဦးကျော်ဦး တို့ကိုချီးမြှင့်ခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)