လှိုင်မြစ်ကမ်းဘေးမှာ သဲတင် စက်လှေတစ်စီး မီးလောင်မှု ဖြစ်ပွား

0
308

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ်(၄)ရပ်ကွက် လှိုင်မြစ်ကမ်းဘေးမှာ ဒီနေ့ မွန်းလွဲပိုင်းက သဲတင် စက်လှေတစ်စင်း အိတ်ဇောအပူရှိန်ကြောင့် မီးလောင်နစ်မြုပ်သွားခဲ့ပါတယ်။

အဲဒီစက်လှေ မီးလောင်နေမှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် Command & Control Center မှ မီးခိုျးတွေကို တွေ့မြင်ရနေရာတာကြောင့် သက်ဆိုင် ရာ တာဝန်ရှိသူတွေနဲ့အတူ လှိုင်သာယာ၊ အင်းစိန်မြို့နယ်တို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၂၀ တို့က မီးငြှိမ်းသတ်ယာဉ် လေးစီး၊ အထောက်အကူပြုယာဉ် သုံးစီးနဲ့ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

သဲတင်စက်လှေမှာ မီးလောင်မှုကြောင့် မွန်းလွဲ ၂ နာရီမှာ လှိုင်မြစ်ကမ်းဘေးမှာပဲ နစ်မြုပ်သွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် သဲဆယ်ကျင်း၊ အမိုး၊ အင်ဂျင်နဲ့ ဆက်စပ်ပစ္စည်းတွေ မီးလောင်ခံရပြီး ငွေကျပ် ခုနစ်သိန်းသုံးသောင်းခန့် ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး စက်လှေမောင်း ဦးဇော်ကြီး (၃၇)နှစ်ကိုလှိုင်သာယာမြို့မ ရဲစခန်းက (ပ)၃၀၉/ ၂၀၁၇၊ ပုဒ်မ- ၂၈၅ နဲ့ အမှုဖွင့် ဥပဒေအရ အရေးယူ ထားပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)