အင်းလေးကန် ဒေသအတွင်း ဦးစားပေး ထိန်းသိမ်းဖို့ ကိစ္စရပ်တွေ ဆွေးနွေး

0
291

အင်းလေးကန်ဒေသအတွင်း အရေးကြီးနေရာသတ်မှတ်ကာ ဦးစားပေးထိန်းသိမ်းဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းဟာ နော်ဝေနိုင်ငံ၊ Department for Climate, Energy and Environment, Norwegian Agency for Development Cooperation မှ Senior Advisor , Ms. Helle Biseth နှင့် UNDP Bangkok မှ Regional Coordinator ဖြစ်သူ Mr. Timothy Boyle တို့ကိုဒီကနော့ မနက်၁၀ နာရီက ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမမှာတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဲဒီလိုဆွေးနွေးကြရာမှာ နော်ဝေနိုင်ငံအထောက်အပံ့နဲ့ ဆောင်ရွက်ခဲ့တဲ့ အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်း စီမံကိန်း ရလဒ်တွေ ဆက်လက် ဆောင်ရွက်မယ့်လုပ်ငန်းတွေ၊ အင်းလေးကန်တွင်း စီးဝင်တဲ့ ချောင်းတွေနဲ့အတူ ရေဝေရေလဲ ဒေသ ထိန်းသိမ်းရေး လုပ်ငန်းတွေ အင်းလေးကန် ဒေသအတွင်း အရေးကြီးနေရာ သတ်မှတ်ပြီး ဦးစားပေး ထိန်းသိမ်းမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)