MAGNUM POWER အမည်ရှိ ဆန်အိတ်တင်ဆောင်လာတဲ့ ကုန်တင် သင်္ဘောဟာ အကြီးဆုံး ဖြစ်

0
250

MAGNUM POWER အမည်ရှိ ဆန်အိတ်တွေတင်ဆောင်တဲ့ ကုန်တင်သင်္ဘောကြီးမှာ မြန်မာနိုင်ငံ အတွင်း ပထမဆုံးဝင်ရောက်လာတဲ့ အကြီးဆုံးကုန်တင် သင်္ဘောဖြစ်ပြီး အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်း အနီးရှိ MIPL ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီဖြစ်ပါတယ်။

အဲဒီသင်္ဘောကြီးဟာ ကုန်ပစ္စည်းတန်ချိန် (DWT) ၅၇၀၀၀ ထိ တင်ဆောင်နိုင်ပြီး သင်္ဘောကြီးရဲ့အရှည်ဟာ မီတာ ၁၉၀ ရှိကာ ရန်ကုန်ဆိပ်ကမ်းကို ပထမဆုံး ရောက်ရှိ ဆိုက်ကပ်ခဲ့တာပါ။ အဲဒီသင်္ဘောကြီးဟာ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှာရှိတဲ့ ပုဂ္ဂလိကလုပ်ငန်း ရှင်တွေထံက ဝယ်ယူထားတဲ့ ဆန်အိတ်တွေကို WEST အာဖရိကရှိနိုင်ငံတွေဖြစ်တဲ့ ကွန်ဂိုနိုင်ငံနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေကို တင်ပို့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ WEST အာဖရိကရှိ နိုင်ငံတွေကို ဆန်တင်ပို့ရာမှာ ကွန်တိန်နာတွေနဲ့ မတင်ပို့တော့ဘဲ Bulk Carrier ကဲ့သို့ ကုန်တင် သင်္ဘောကြီးတွေနဲ့ တင်ပို့တာကြောင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေတိုးစေပြီး အနယ်နယ်အရပ်ရပ်ရှိ တောင်သူဦးကြီးတွေအတွက်လည်း အကျိုးရှိစေကြောင်း ယခုလို ဈေးကွက်ရရှိတာကြောင့် အနာဂတ်ကာလမှာ ဆန်ပို့ ကုန်ပမာဏ တိုးမြှင့်လာတဲ့အတွက် အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)