ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ လူသတ်မှု တစ်ခု ဖြစ်ပွား

0
330

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် ၂ နယ်မြေရဲစခန်းအပိုင်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ညက လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလူသတ်မှုဖြစ်စဉ်မှာ မြစည်းခုံဘုရားလမ်း၊ ၁၂ရပ်ကွက်၊ တောင်ငူမြို့နေ မဥမ္မာခိုင်ဟာ အမည်မသိအမျိုးသားတစ်ဦးနဲ့အတူ စက်ဘီးစီးလာပြီး ကျောင်းရှေ့ဝံသာနုလမ်းပေါ်ကို အရောက်မှာ စက်ဘီးရပ်ပြီး စကားများရန်ဖြစ်ကြရာက မဥမ္မာခိုင်ကို စက်ဘီးအတူစီးလာသူ အမျိုးသားက ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာပါ။ ဓားနဲ့အထိုးခံခဲ့ရသူ မဥမ္မာခိုင်မှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူနေစဉ် ည ၈ နာရီကျော်မှာ သေဆုံးသွားခဲ့ တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရာမှာ အခင်းဖြစ်ပွားပြီး ၁၃ နာရီခန့်အကြာ ဖေဖော်ဝါရီ ၆ ရက် နံနက် ၈ နာရီမှာ ပြစ်မှုကျူးလွန်သူ တင်အောင်စိုး(ခ)ဦးတီပွား၊ ၃၅နှစ်၊ (ဘ)ဦးမြင့်အောင်ဆေးသုတ်လုပ်ငန်း မြစည်းခုံဘုရားလမ်း ၁၂ ရပ်ကွက်နေသူကို ဖမ်းဆီးရမိခဲ့ပါ တယ်။

ပြစ်မှုကျူးလွန်သူကို တောင်ငူမြို့အမှတ် ၂ နယ်မြေရဲစခန်းမှ (ပ)၁၁၄/၂၀၁၇၊ ပြစ်မှုပုဒ်မ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)