တောင်ငူမှာ ရွှေအတုနဲ့အစစ် လိမ်လည်လဲယူသူကို ဖမ်းဆီး အရေးယူ

0
350

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ရွှေဆိုင်တစ်ခုမှာ ဆွဲကြိုးအစစ်နဲ့အတု လဲလှယ်ခဲ့သူတစ်ယောက်ကို မြို့သစ်နယ်မြေရဲစခန်းက ဖမ်းဆီး အရေးယူထားပါတယ်။

420

အဲဒီအမျိုးသမီးဟာ ဒေါ်သန္တာဝင်းလို့ အမည်ရပြီး တောင်ငူမြို့၊ မြို့သစ်နယ်မြေ တပင်ရွှေထီးရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးက ကောင်းအံ့ စတိုးဆိုင်
မှာ MC ဆွဲကြိုးအပြားကို ဆိုင်ကို ပြခိုင်းပြီး ထုတ်ကြည့်နေစဉ် တခြားလူတစ်ယောက် ရောက်လာချိန် နောက်ထပ်ရွှေတွေ ထပ်ပြနေတုန်း အတုအနဲ့အစစ်ကို လဲလှယ်ခဲ့တာပါ။

421

ဒေါ်သန္တာဝင်းဟာ MC ဆွဲကြိုးအပြားကို မယူတော့ဘူးလို့ ပြောပြီး ဆိုင်တွင်က အမြန်ထွက်ခဲ့ပေမဲ့ ဆိုင်က ဆွဲကြိုးကို ချက်ချင်း ပြန်စစ်ဆေးတဲ့အခါမှာ အတုဖြစ်နေတာကြောင့် ကောင်းအံ့ဆိုင်က ပိုင်ရှင်နှစ်ဦးဖြစ်တဲ့ မစိုးသူဇာအောင်နဲ့ မပန်းအိလှိုင်တို့နှစ်ယောက်ထဲက မပန်းအိလှိုင်က လိုက်ခေါ်ခဲ့ရာမှာ မရပ်ဘဲ ဆက်သွားနေတာကြောင့် ဘေးပတ်ဝန်းကျင်အကူအညီနဲ့ တားဆီးခဲ့တာဖြစ်ပါတယ်။

423

အဲဒီနောက် ဒေါ်သန္တာဝင်းကို အိတ်ကို စစ်ဆေးရာမှာ အခြားရွှေထည်ပစ္စည်းတွေ၊ အခြားမြို့တွေမှာ ပေါင်နှံထားတဲ့ ရွှေဘောင်ချာတွေလည်း တွေ့ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီိး မစိုးသူဇာအောင်က သူပိုင်ဆိုင်တဲ့ ကောင်းအံ့စတိုးဆိုင်က MC ရွှေဆွဲကြိုး လိမ်လည်ရယူဖို့ ကြံစည်ပြီး အတုနဲ့အစစ် လိမ်လည် လဲယူခဲသူ ဒေါ်သန္တာဝင်းကို အရေးယူဖို့ တရားလိုလုပ် တိုင်တန်းခဲ့တာအတွက် ဇန်နဝါရီ ၆ ရက်နေ့၊ နေ့လယ် ၂ နာရီမှာ မြို့သစ်နယ်မြေရဲစခန်းက (ပ)၂/၂၀၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀/၂၆၈ နဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)