မြန်မာနိုင်ငံရဲ့ ပထမဆုံး တင်းနစ်အကယ်ဒမီကျောင်း ပဲခူးမြို့မှာ စတင်ဖွင့်လှစ်

0
375

မြန်မာနိုင်ငံရဲ့ ပထမဆုံး တင်းနစ်အကယ်ဒမီကျောင်းဖြစ်တဲ့ မာဃမင်း တင်းနစ်အကယ်ဒမီကျောင်းကို ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

tennis

တင်းနစ်အကယ်ဒမီကျောင်းဟာ ပဲခူးမြို့၊ မြို့ရှောင်လမ်းနဲ့ လေကြောင်းရန် ကာကွယ်ရေးတပ် လမ်းမကြားမှာ တည်ရှိပြီး ဒီကနေ့ နံနက် ၈ နာရီမှာ ဖွင့်လှစ်ခဲ့တာပါ။

tennis2

အဲဒီသင်တန်းကျောင်းမှာ မြန်မာနိုင်ငံအတွင်းက မိဘမဲ့ကလေးတွေထဲက သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ အသက် ၅ နှစ်နဲ့ ၁၀ ကြားအရွယ် ယောက်ျားလေး ၁၀ ဦး၊ မိန်းကလေး ၁၀ ဦး၊ ပေါင်း ၂၀ ဦးကို ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ရွေးချယ်သွားမှာ ဖြစ်ပြီး ရွေးချယ်ခံရသူတွေကို နေထိုင်စားသောက်ရေး၊ လေ့ကျင့်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အထွေထွေ ကုန်ကျစရိတ်တွေအပြင် အနာဂတ်အတွက် အလုပ်အကိုင်အခွင့်အလမ်းအားလုံးကိုပါ တာဝန်ယူပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားဖြစ်လာတဲ့အထိ မြန်မာ့လက်ရွေးစင် ကိုယ်စားပြုအဆင့်ရှိ နည်းပြတွေက လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

tennis4

တင်းနစ်အကယ်ဒမီသင်တန်းကျောင်းဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးကြည်ဇင်၊ စည်ပင်သာယာရေးနှင့်လူမှုရေး ဝန်ကြီး ဦးမောင်မောင်လွင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးနိုင်နဲ့ မာဃတင်းနစ်အကယ်ဒမီ သင်တန်းကျောင်းပိုင်ရှင် ဦးဇော်ထိန်တို့က ဖွဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။

tennis5

အဲဒီနောက် မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအမ်ဒင်းဂျာနဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးတို့က အမှာစကား ပြောကြားခဲ့သလို မြန်မာ့လက်ရွေးစင် တင်းနစ်အားကစားသမားတွေကလည်း သရုပ်ပြ တင်ဆက်ကစားပြခဲ့ကြတာ ဖြစ်ပါတယ်။
ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)