
0
482




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

MHS က ရန်ကုန်မှာ နိုင်ငံတကာကျောင်း ဖွင့်လှစ်မယ်

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်တဲ့ Myanmar Strategic Holdings လီမိတက်က အမေရိကန် ဒေါ်လာ ၁ သန်းတန် ဖွံ့ဖြိုးရေး စီမံကိန်းပြီးဆုံးရင် ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်မြို့မှာ နိုင်ငံတကာကျောင်းတစ်ကျောင်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ရန်ကုန် အမေရိကန် အင်တာနေရှင်နယ် ကျောင်းကို ပြန်လည်ပြင်ဆင်ဖွံ့ဖြိုးမှုတွေ လုပ်ဆောင်နေပြီး ၂၀၁၉ ခုနှစ် နှစ်လယ်လောက်မှာ ပြီးလိမ့်မယ်လို့ အလိုင်းယန့်စ် နယူးစ် သတင်းက ဖော်ပြပါတယ်။ အသစ်ပြန်လည် ဖွင့်လှစ်မယ့်ကျောင်းမှာ ကျောင်းသား ၄၀ဝ ဆံ့မယ့် စာသင်ခန်း ၁၇ ခန်း၊ မီတာ ၁ ထောင်ပတ်လည်ရှိ ကစားကွင်းတို့ ပါရှိမှာ ဖြစ်ပါတယ်။

အဲဒီနိုင်ငံတကာ ကျောင်းမှာ အသက် ၃ နှစ်ကနေ ၈ နှစ်အထိ ကျောင်းသားကျောင်းသူတွေအတွက် မူကြိုကနေ တတိယတန်းအထိ သင်ကြားပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)