မုတ္သုန္ရာသီ အကုန္မွာ ဘဂၤါလီေတြ ေလွစီးထြက္ေျပးမႈ ျပန္စတင္လာ

0
840

မုတ္သုန္ရာသီ အကုန္မွာ ရခိုင္ျပည္နယ္က ဘဂၤါလီ မြတ္စလင္ေတြ ေလွစီးထြက္ေျပးမႈ ျပန္လည္ စတင္လာၿပီး ၿပီးခဲ့တဲ့ ႏိုဝင္ဘာလအတြင္း ဘဂၤါလီေတြကို တင္ေဆာင္လာတဲ့ ေလွ အနည္းဆံုး ေျခာက္စီးကို ၾကားျဖတ္ ဟန္႔တားခဲ့ၾကပါတယ္။

 

လူကုန္ကူးခံရတဲ့ ဘဂၤါလီေတြကို အစုလိုက္အၿပံဳလိုက္ သတ္ထားတာ ေတြ႔ရွိခဲ့ၿပီးေနာက္ ထိုင္းအာဏာပိုင္ေတြက ၂၀၁၅ ခုႏွစ္မွာ လူကုန္ကူးမႈေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ ႏွိမ္နင္းခဲ့တဲ့အတြက္ အန္ဒမန္ ပင္လယ္ကို ျဖတ္ၿပီး ထိုင္း၊ မေလးရွားႏိုင္ငံတို႔ကို သြားမယ့္ ေလွစီးေျပးသူေတြ နည္းပါးသြားခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ အကုန္မွာေတာ့ ေလွစီးေျပးမႈေတြ တေၾကာ့ျပန္ ျဖစ္လာတာ ျဖစ္ပါတယ္။

ေလွစီးေျပးမႈေတြဟာ ေအာက္တိုဘာလေလာက္မွာ ျပန္လည္ စတင္လာေလ့ ရွိပါတယ္။ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လကစၿပီး ဘဂၤလား ပင္လယ္ေအာ္နဲ႔ အန္ဒမန္ ပင္လယ္ထဲမွာ ေလွစီးေျပးရင္း ေသဆံုးသူ ၂၀၀ ေက်ာ္ ရွိတယ္လို႔ ခန္႔မွန္းၾကပါတယ္။

ေနာက္ဆံုး ေတြ႔ရွိထားတဲ့ ေလွစီးေျပးတဲ့အသုတ္ကေတာ့ ဒီဇင္ဘာလ ၄ ရက္ေန႔က ဘဂၤါလီ မြတ္စလင္ ၂၀ ဦး အင္ဒိုနီးရွားႏိုင္ငံ၊ အာေခ်းျပည္နယ္ ကမ္းေျခကို ဆိုက္ေရာက္လာသူေတြ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>

 

မုတ်သုန်ရာသီ အကုန်မှာ ဘင်္ဂါလီတွေ လှေစီးထွက်ပြေးမှု ပြန်စတင်လာ

မုတ်သုန်ရာသီ အကုန်မှာ ရခိုင်ပြည်နယ်က ဘင်္ဂါလီ မွတ်စလင်တွေ လှေစီးထွက်ပြေးမှု ပြန်လည် စတင်လာပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဘင်္ဂါလီတွေကို တင်ဆောင်လာတဲ့ လှေ အနည်းဆုံး ခြောက်စီးကို ကြားဖြတ် ဟန့်တားခဲ့ကြပါတယ်။

လူကုန်ကူးခံရတဲ့ ဘင်္ဂါလီတွေကို အစုလိုက်အပြုံလိုက် သတ်ထားတာ တွေ့ရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေက ၂၀၁၅ ခုနှစ်မှာ လူကုန်ကူးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းခဲ့တဲ့အတွက် အန်ဒမန် ပင်လယ်ကို ဖြတ်ပြီး ထိုင်း၊ မလေးရှားနိုင်ငံတို့ကို သွားမယ့် လှေစီးပြေးသူတွေ နည်းပါးသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အကုန်မှာတော့ လှေစီးပြေးမှုတွေ တကြော့ပြန် ဖြစ်လာတာ ဖြစ်ပါတယ်။

လှေစီးပြေးမှုတွေဟာ အောက်တိုဘာလလောက်မှာ ပြန်လည် စတင်လာလေ့ ရှိပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး ဘင်္ဂလား ပင်လယ်အော်နဲ့ အန်ဒမန် ပင်လယ်ထဲမှာ လှေစီးပြေးရင်း သေဆုံးသူ ၂၀ဝ ကျော် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

နောက်ဆုံး တွေ့ရှိထားတဲ့ လှေစီးပြေးတဲ့အသုတ်ကတော့ ဒီဇင်ဘာလ ၄ ရက်နေ့က ဘင်္ဂါလီ မွတ်စလင် ၂၀ ဦး အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ကမ်းခြေကို ဆိုက်ရောက်လာသူတွေ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)