ဖင္လန္ႏိုင္ငံ (၁ဝ၁)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနား က်င္းပ

0
205

ဖင္လန္ႏိုင္ငံရဲ႕ (၁ဝ၁) ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္အခမ္းအနားကို ဒီဇင္ဘာလ ၅ ရက္ေန႔  ရန္ကုန္ၿမိဳ႕ Sule Shangri-La ဟိုတယ္မွာ က်င္းပခဲ့တာျဖစ္ပါတယ္။

အဲဒီ အခမ္းအနားမွာ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ သန္းျမင့္နဲ႔  ျမန္မာႏိုင္ငံဆိုင္ရာ ဖင္လန္ႏိုင္ငံ သံအမတ္ႀကီး H.E. Ms. Riikka Johanna Laatu တုိ႔ တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီအခမ္းအနားမွာ ဖင္လန္ႏိုင္ငံ မသန္စြမ္းအဖြဲ႔ရဲ႕ သ႐ုပ္ျပေဖ်ာ္ေျဖတင္ဆက္မႈကို ၾကည့္႐ႈအားေပးခဲ့ၾကၿပီး ရန္ကုန္ၿမိဳ႕ ႏိုင္ငံျခားသံ႐ုံးက  သံအမတ္ႀကီးေတြ သံ႐ုံးယာယီတာဝန္ခံေတြ၊ ကုလသမဂၢ ဆိုင္ရာ ဌာေနကိုယ္စားလွယ္ေတြနဲ႔ ဖိတ္ၾကားထားသူေတြ တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>

 

ဖင်လန်နိုင်ငံ (၁ဝ၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ဖင်လန်နိုင်ငံရဲ့ (၁ဝ၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့  ရန်ကုန်မြို့ Sule Shangri-La ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီ အခမ်းအနားမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နဲ့  မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး H.E. Ms. Riikka Johanna Laatu တို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအခမ်းအနားမှာ ဖင်လန်နိုင်ငံ မသန်စွမ်းအဖွဲ့ရဲ့ သရုပ်ပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ရန်ကုန်မြို့ နိုင်ငံခြားသံရုံးက  သံအမတ်ကြီးတွေ သံရုံးယာယီတာဝန်ခံတွေ၊ ကုလသမဂ္ဂ ဆိုင်ရာ ဌာနေကိုယ်စားလှယ်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)