
0
879




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းစေလွှတ်ခွင့်လိုင်စင်ရ လုပ်ငန်းရှင်တွေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ကနေ ထိုင်းနိုင်ငံစေလွှတ်ခွင့် လုပ်ငန်းလိုင်စင်ရ အေဂျင်စီတွေရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ ကန်ရိပ်သာလမ်းရှိ Wyndham Grand Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အစည်း အဝေးမှာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်းထူထောင်နိုင်ရေးအတွက် ကျင့်ဝတ်စည်းကမ်းနဲ့ အညီ လိုက်နာ ဆောင်ရွက်ရေး၊ လိုက်နာဆောင်ရွက်မှုမရှိတဲ့ အေဂျင်စီတွေ ဖေါ်ထုတ်နိုင်ရေးကိစ္စတွေ ဥပဒေရေးရာနဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့ အခန်းကဏ္ဍ၊ လုပ်ငန်းစဉ်၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ သတ်မှတ်ခြင်း စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

လုပ်သားတွေရဲ့ မိသားစုလွှဲပို့ငွေများ နိုင်ငံတွင်းရှိ ဘဏ်တွေကို တရားဝင် စီးဝင်နိုင်ရေးကိစ္စတွေ ထိခိုက်ဒဏ်ရာ ရရှိမှုတွေအတွက် အာမခံကိစ္စရပ်တွေ၊ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အေဂျင်စီတွေရင် ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေ၊ MOEAF Call Centre ရဲ့လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေ အလုပ်သမားတွေကို ကူညီစောင့်ရှောက်နိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ရေးကိစ္စကို ဆွေး နွေးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)