ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကို ၂၄ နာရီ တိုင်ကြားစာ ပို့နိုင်ပြီ

0
348

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး အကြံပေးစာနှင့် တိုင်ကြားစာတွေကို ပြည်သူတွေအနေနဲ့ ၂၄ နာရီ ပေးပို့နိုင်ပြီ ဖြစ်ပါတယ်။

ministryofhealthandsports

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ အဂတိလိုက်စားမှုကင်းရှင်းပြီး ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ ခုလို ဆောင်ရွက်တာလို့လည်း ဒီဇင်ဘာ ၆ ရက်နေ့က ကြေညာတဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ အကြံပေးတင်ပြတာ၊ တိုင်ကြားတာမျိုး လုပ်ချင်ရင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ရုံးခန်းအတွင်းက minister_room@mohs.gov.mm ကို အီးမေးလ်ပို့နိုင်ပြီး ဖက်စ်အနေနဲ့ဆိုရင် 067-411189 ကို၂၄ နာရီလုံး ဖက်စ်ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

အကြံပြု၊ တိုင်တန်းတဲ့နေရာမှာ ပေးပို့သူရဲ့ နာမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ အမြဲတမ်း နေရပ်လိပ်စာနဲ့ ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံနဲ့ ဖုန်းနံပါတ်(သို့)ဖက်စ်နဲ့ အီးမေးလ်တို့ ရှိရင်လည်း အပြည့်အစုံကို ရေးသားပြီး တိုင်ကြားခံရသူ၊ အကြံပြုခံရသူရဲ့ ဌာနဆိုင်ရာ တာဝန်နဲ့ မမှန်မကန်လုပ်ဆောင်မှုကို အထောက်အထားအတိအကျနဲ့ ပူးတွဲ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနက အဲဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ပေါက်ကြားမှု လုံးဝ(လုံးဝ)မရှိအောင်လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဘဏ္ဍာငွေတွေ အကျိုးရှိအောင် ထိထိရောက်ရောက်သုံးစွဲပြီး အလေအလွင့်အနည်းဆုံးဖြစ်ဖို့နဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုလည်း ထင်သာမြင်သာရှိအောင် လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)