အားလုံးရဲ့အသံကို ကိုယ်စားပြုဖို့ အတူရှိနေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ပြော

0
281

ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းအားလုံး၊ အသက်အရွယ်မရွေးအားလုံးရဲ့ လိုအပ်ချက်တွေကို စိုးရိမ်မှုတွေကို သိရှိနိုင်ဖို့၊ နားထောင်ဖို့နဲ့ အားလုံးရဲ့အသံကို ကိုယ်စားပြုဖို့ အတူရှိနေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားလိုက်ပါတယ်။

Former United Nations Secretary-General Kofi Annan greets Rohingya community leaders as he arrives to the Internally Displaced People's camp in Thetkabyin village, outside Sittwe, the capital of Rakhine state, Wednesday, Sept. 7, 2016. Annan is visiting as part of a commission set up last month to help find solutions to "protracted issues" in western Rakhine state, where human rights groups have documented widespread abuses by majority Rakhine Buddhists against minority Rohingya Muslims. (AP Photo/Esther Htusan)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဟာ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ ခရီးစဉ်အတွင်း တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုဖီအာနန်က အဲဒီလို ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ လုပ်ငန်းတာဝန်ဟာ ရခိုင်မှာ ပြန်လည်သင့်မြတ်ရေး အားပေးမြှင့်တင်ဖို့၊ ဒေသခံအဖွဲ့အစည်းတွေ အားကောင်းစေဖို့၊ ဖွံ့ဖြိုးဖို့၊ ပဋိပက္ခတွေ ဖြေရှင်းဖို့နဲ့ လူသားချင်း စာနာမှုအကူအညီပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရကို အကြံပြုတာဖြစ်တာကိုလည်း ကိုဖီအာနန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်ဆုရှင် ကိုဖီအာနန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌရာထူးကို လက်ခံခဲ့တာပါ။ နိုဝင်ဘာ ၂၉ ရက်ခရီးဟာ ဒုတိယမြောက် ရခိုင်ခရီးစဉ်ဖြစ်ပြီး ခရီးစဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံခဲ့ပြီး ခရီးက ပြန်ရောက်ပြီးနောက်မှာလည်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကို အသီးသီးတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)