ညစ်ညမ်းစာပေ ရေးသားမှုနဲ့ တရားစွဲခံခဲ့ရတဲ့ စာရေးဆရာ အောင်ရင်ငြိမ်း စာအုပ် ထပ်မံထွက်ရှိ

0
617

ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်ထုတ်ဝေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စာရေးဆရာ အောင်ရင်ငြိမ်းရဲ့ ကဗျာစာအုပ် ထပ်မံထွက်ရှိလာပါတယ်။

15178244_290846511315876_4613122222555910907_n

အမှောင်ခတ်အလွန် အရူးခေတ်ထဲသို့ ၉.၆၉ စင်တီမီတာ အမည်ပေးထားတဲ့ ကဗျာစာအုပ် နိုဝင်ဘာလအတွင်း PICA မီဒီယာက ထုတ်ဝေ လိုက်တာဖြစ်ပါတယ်။ စာရေးဆရာအောင်ရင်ငြိမ်း ကို ရိုမန်းဘော့တ်တွေရဲ့ကမ္ဘာစာအုပ်အမည်ရှိ ညစ်ညမ်းစာပေရေးသားမှုနဲ့ သင်္ဃန်းကျွန်းရဲစခန်းက (ပ)၂၈၂/၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ အရ အမှုဖွင့်လှစ်ထားတာဖြစ်ပါတယ်။

အဲဒီစာအုပ်ကို ပြန်ကြားရေး ၀န်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနက လိင်ပိုင်းဆိုင်ရာအသားပေးရေးသားမှု ပါဝင်တာကြောင့် ဆက်လက် ထုတ်ဝေခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)