မှုခင်းဖြစ်ပွားရာကို အချိန်မီရောက်ဖို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို ဆိုင်ကယ်တွေ လှူဒါန်း

0
302

ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကြီးမားနေတဲ့ ရန်ကုန်မြို့မှာ မှုခင်းဖြစ်ပွားရာနေရာကို အချိန်မီရောက်ရှိစေဖို့အတွက် Aung Kenbo Trading Co.Ltd မှ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို ဆိုင်ကယ် ဆယ်စီးပေးအပ်လှူဒါန်းခဲ့ပါတယ်။

15337426_1007813852681215_7285388513130810333_n

အဲဒီလှူဒါန်းပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့ ဒီကနေ့မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ မှုခင်းတွေ ပြဿနာတွေဖြစ်ပေါ်နေတဲ့အခြေအနေကို တာဝန်ယူဖြေရှင်းဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

လှူဒါန်းတဲ့ မော်တော်ဆိုင်ကယ်တွေမှာ တရုတ်နိုင်ငံထုတ် Kenbo အမျိုအစား၊ အင်ဂျင်ပါဝါ မြင်းကောင်ရေ ၂၅၀ အားရှိပြီး တန်ဖိုးအားဖြင့် ၁ စီးကို ငွေကျပ် ၁၅ သိန်းရှိပြီး တန်ဖိုးငွေ စုစုပေါင်း ကျပ်သိန်း ၁၅၀ ဖိုးလှူဒါန်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)