ကိုဖီအာနန်ကော်မရှင် လေ့လာတွေ့ရှိချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ

0
374

ရခိုင်ပြည်နယ်အတွင်း ခုနစ်ရက်ကြာ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို ကိုဖီအာနန်ကော်မရှင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ပါတယ်။

15267763_608683035998662_775672791494821995_n

ဒီဇင်ဘာလ ၆ ရက် ဒီကနေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမှာ တွေ့ဆုံပြီး အခုလိုရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။ ကိုဖီအာနန် ကော်မရှင်က တင်ပြချက်တွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ဆယ်စုနှစ်များစွာကြာမြင့်နေတဲ့ ပြဿာနာတွေကို ဖြေရှင်းဆောင် ရွက်နေရတဲ့ မြန်မာနိုင်ငံအပေါ် အချိန်ယူဆောင်ရွက်ခွင့်ပေးဖို့နဲ့ နားလည်မှုရှိဖို့လို အပ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)