ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းရေး ရန်ကုန်မှာ အလံဖြူလှုပ်ရှားမှု ချီတက်လမ်းလျှောက်ပွဲ ပြုလုပ်

0
314

မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းရေး အလံဖြူလှုပ်ရှားမှု ချီတက်ပွဲကို ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

whiteflag

အဲဒီ ချီတက်ပွဲကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး အလံဖြူတွေကိုင်ဆောင်တဲ့ ပါဝင်ချီတက်သူ အင်အား ၃၀ လောက်ရှိခဲ့တာပါ။

ချီတက်လမ်းလျှောက်သူတွေဟာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းနဲ့ ကမ်းနားလမ်းထောင်ကနေ ဆူးလေဘုရားအထိ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်တွေရပ်တန့်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တဲ့ အဲဒီချီတက်ပွဲအတွင်းမှာ အလံဖြူနဲ့ လက်ကမ်းစာစောင် ဝေငှတာတွေလည်း ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)