ရခိုင်ပြည်နယ်အတွင်း ဆုံးရှုံးသွားတဲ့ လက်နက်တွေ အားလုံးပြန်လည် ရရှိအောင် လုပ်ဆောင်မယ်

0
419

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့ဖြစ်စဉ်မှာ လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့ပြီး အဲဒီဆုံးရှုံးခဲ့တဲ့ လက်နက်တွေ အားလုံး ပြန်လည် သိမ်းဆည်းရရှိဖို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

14-40354813_-_29_10_2016_-_myanmar-bangladesh-unrest-rights-politics

ဒီဇင်ဘာလ ၆ ရက်နေ့ ဒီကနေ့မှာ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နဲ့တွေ့ဆုံစဉ် အဲဒီလိုပြောဆိုလိုက်တာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်း ဖက်တိုက်ခိုက်သူတွေ ထိတွေ့မှုဖြစ်စဉ်တွေမှာ အဲဒီလက်နက်တွေထဲက တချို့ကို ပြန်လည် သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိတဲ့လက်နက်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါကြောင့် ဆုံးရှုံးသွားတဲ့ လက်နက်တွေအားလုံး ပြန်လည်သိမ်းဆည်း ရမိရေးအတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုပ်ဆောင်နေတာ
ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)