ရခိုင်လူကြီးတွေဟာ သမိုင်းမှာ ခံစားခဲ့ရတာတွေကြောင့် ပူးပေါင်းမှု အားနည်း နိုင်တယ်လို့ ကာချုပ်ပြော

0
294

ရခိုင်လူမျိုး လူကြီးပိုင်းတွေဟာ သမိုင်းကို သိမီခဲ့ကြတာကြောင့် သမိုင်းမှာဖြစ်ပျက်ခဲ့မှုတွေအပေါ် ခံစားချက်တွေ ရှိမှာဖြစ်ပြီး လူငယ်တွေနဲ့ အမြင်မတူနိုင်ဘူးလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

15350682_1148789271908603_2137628739530894595_n

ဒီဇင်ဘာလ ၆ ရက်နေ့ ဒီကနေ့မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ရခိုင်အသိုက်အ၀န်းက အသက်ကြီးတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းတယ်လို့ ပြောကြားစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီလိုတုံ့ပြန်ပြောဆိုခဲ့တာပါ။ ဒီလိုသမိုင်းနောက်ခံအပေါ် ခံစားချက်ရှိသူများအနေနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပူးပေါင်းဆောင်ရွက်မှုမှာလည်း ကွာခြားနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

ဒါပေမယ့် လက်ရှိအချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ အခုပြဿနာကို တာဝန်ယူရှင်းလင်းရမှာဖြစ်ပြီး တပ်မတော်အနေနဲ့လည်း ဥပဒေနဲ့အညီဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)