ဘင်္ဂါလီကိစ္စ ဆွေးနွေးဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဒီနေ့ ရောက်ရှိမယ်

0
363

အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စတွေအရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

indo-foreign-minister

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခုလိုဆွေးနွေးဖို့ ဖိတ်ကြားခဲ့တာဖြစ်ပြီး နှစ်ဦးတည်း တံခါးပိတ်ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အာမန်နာသာနာဆီယာက ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်အတွင်းမှာ အခြားနိုင်ငံက သံအမတ်ကြီးတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)