e-government လုပ်ငန်းစဉ် အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

0
304

e-government လုပ်ငန်းစဉ်တွေအရှိန်အဟုန်တိုးမြှင့် လုပ်ကိုင်နိုင်ရေး အတွက် ညှိ့နိုင်းအစည်း အဝေးကို ဒီဇင်ဘာလ ၄ ရက်နေ့က
ပြုလုပ်ခဲ့ပါတယ်။

15328341_1023112534482427_114930157_n

အဲဒီအစည်းအဝေးကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ရန်ကုန်မြို့သိမ်ဖြူလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာရှိတဲ့ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တာပါ။ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်က e-government အရှိန်အ ဟုန်မြင့်ဆောင်ရွက်နိုင်ရေး အတွက် သတင်းအချက်အလက်နှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ဆက်သွယ်ရေး ညွန်ကြားမှု ဦးစီးဌာန၊ ကွန်ပျူတာအသင်းချုပ်တို့ရဲ ဝိုင်းဝန်း
ဆွေးနွေးချက်တွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် e-government လုပ်ငန်းကို ဝန်ကြီးဌာနတွေနဲ့ပြည်သူတွေအကျိုးရှိရှိ ဆက်သွယ်အသုံးပြုရေးဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ပြောကြားပါတယ်။ e-government လုပ်ငန်းကိုဝန်ကြီးဌာနအလိုက် ဆောင်ရွက်မယ့်လုပ်ငန်းတွေနဲ့ အမျိုးသားအဆင့် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)