မြန်မာမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားမယ်လို့ ဗီယက်နမ်သမ္မတ ကျန်းဒိုက်ကွမ်း ပြော

0
357

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းသွားမယ်လို့ ဗီယက်နမ်သမ္မတ ကျန်းဒိုက်ကွမ်းက ပြောဆိုလိုက်ပါတယ်။

vietnam
(ဓာတ်ပုံ – Vietnam Time)

ဒီဇင်ဘာ ၅ ရက်နေ့မှာ ဗီယက်နမ်သမ္မတ ကျန်းဒိုက်ကွမ်းနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ တွေ့ဆုံစဉ်မှာ အဲဒီလို ပြောဆိုလိုက်တာပါ။

စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေ အပါအဝင် ဘဏ္ဍာရေး၊ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဖို့ကိုလည်း ပူးပေါင်းလုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)