မုံးကိုးမြို့ကို ထိန်းချုပ်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်စဉ် လက်နက် ခဲယမ်းများ သိမ်းဆည်းရမိ

0
380

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ဖို့ကြံစည်ခဲ့တဲ့ မုံးကိုးမြို့ကို တပ်မတော်က ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်း နယ်မြေရှင်းလင်းရေး ပြုလုပ်ရာမှာ လက်နက်ခဲယမ်းနဲ့ အလောင်းတချို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

1

ဒီဇင်ဘာလ ၄ ရက်နေ့မှာ တပ်မတော်စစ်ကြောင်းတွေဟာ မုံးကိုးမြို့အတွင်း နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ မုံးကိုး မြို့ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို ၀င်ရောက်ရှင်းလင်းချိန်မှာ နေအိမ်အတွင်းက လက်နက်တွေ ရှာဖွေတွေ့ ရှိခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ ဆုတ်ခွာထွက်ပြေးရာမှ ကျန်ရစ်ခဲ့တာဖြစ်ပြီး RPG ၁ လက်၊ အမ် ၂၂ သေနတ် ၃ လက်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ၆ လုံးနဲ့ မိုင်း ၁ လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်စစ်ကြောင်းတွေအနေနဲ့ မြို့တွင်းနဲ့ အနီးပတ်ဝန်းကျင်တွေကို နယ်မြေရှင်းလင်းရေးပြုလုပ်ရာ မှာ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး ဒီနေ့အထိ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၃၀၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ၆ လုံး၊ မိုင်း ၁ လုံးနဲ့ အလောင်းတချို့တို့ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)