စီးပွားရေးအတက်အကျ တလွဲသိနေတဲ့ အစိုးရသိအောင်လုပ်မယ်လို့ လုပ်ငန်းရှင်တစ်ဦးဆို (ရုပ်/သံ)

0
930








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စီးပွားရေးအတက်အကျ တလွဲသိနေတဲ့ အစိုးရသိအောင်လုပ်မယ်လို့ လုပ်ငန်းရှင်တစ်ဦးဆို

စီးပွားရေးတက်တာ၊ ကျတာတွေကို တလွဲသိနေတဲ့ အစိုးရကို ဝေဖန်ထောက်ပြမှုတွေ ပြုလုပ်သွားမယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ စီးပွားရေးကျဆင်းနေပြီး အစိုးရသက်တမ်း သုံးနှစ်တာ ကာလအတွင်း စီးပွားရေးတက်တာ၊ ကျတာတွေကို တလွဲသိနေတာကြောင့် အစိုးရကို ဝေဖန်ထောက်ပြမှုတွေ ပြုလုပ်သွားမယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်က ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာပြုလုပ်တဲ့ Orchid ရေနွေးကြမ်းစကားဝိုင်းမှာ တိုင်းပြည်စီးပွားရေးကောင်းအောင် ဘာလုပ်ကြမလဲ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲပြုခဲ့တာပါ။

Soundbite ဦးဌေးအောင် (Orchid Hotel ပိုင်ရှင်)

ဒါ့အပြင် တိုင်းပြည်စီးပွားရေးကောင်း အောင်လုပ်ကြတဲ့ နေရာမှာ မီးဖိုချောင်းသုံး စားသောက်ကုန်တွေကလည်း တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်လို့ သရုပ်ဆောင် အကယ်ဒမီလွင်မိုးက ပြောပါတယ်။

Soundbite အကယ်ဒီမီ လွင်မိုး (သရုပ်ဆောင်)

ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ အစိုးရက ဦးတည်စီးပွားရေးတရပ်အနေနဲ့ ပြုလုပ်စေဖို့နဲ့ အသေးစား စီးပွားရေးသမားတွေကို ပံ့ပိုးကူညီတာတွေ ပြုလုပ်စေလိုကြောင်း ဦးစားပေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)