
0
589



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ကျွမ်းကျင်ပညာရှင်တွေ ခန့်အပ်

ရခိုင်ပြည်နယ် အရေးမှာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လုပ်ငန်းတွေအတွက် အကူအညီပေးဖို့ ကျွမ်းကျင် ပညာရှင် နှစ်ဦးကို ခန့်အပ်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးကနေ ပြီးခဲ့တဲ့ သြဂုတ်လက အမိန့်ကြေညာစာအမှတ် (၆၁/၂၀၁၈) အရ ဖွဲ့စည်းထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွက် လိုအပ်တဲ့ သက်သေခံချက် စုဆောင်းခြင်းတွေနဲ့ ရုံးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ကော်မရှင်ရဲ့ ကျွမ်းကျင်သူတွေအဖြစ် ဦးလှဝင်းနဲ့ ဦးအောင်ဝင်းတို့ကို ဒီကနေ့ နိုဝင်ဘာ ၆ ရက်ကစပြီး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)