ျမန္မာ့ေရေၾကာင္း ညီလာခံ ပထမဆုံးအႀကိမ္ က်င္းပမယ္

0
600

ျမန္မာႏုိင္ငံမွာ ပထမဆုံးအႀကိမ္ ျပဳလုပ္မယ့္ ၂၀၁၈ ခုႏွစ္ ျမန္မာ့ေရေၾကာင္း ညီလာခံကုိ ရန္ကုန္ၿမိဳ႕၊ အထက္ပန္းဆုိးတန္းလမ္းရွိ Rose Garden ဟုိတယ္မွာ လာမယ့္ ႏုိဝင္ဘာလ ၁၅ ရက္ေန႔နဲ႔ ၁၆ ရက္ေန႔တို႔မွာ က်င္းပမွာ ျဖစ္ပါတယ္။

ျမန္မာ့ေရေၾကာင္း ညီလာခံမွာေတာ့ ေရေၾကာင္း ဖြံ႔ၿဖိဳးတုိးတက္ေရးနဲ႔ သေဘၤာသားေတြရဲ႕ အလုပ္အကုိင္ အခြင့္အလမ္းေတြ ရရွိေစနုိင္ဖို႔အတြက္ ညီလာခံမွာ စုေပါင္းေဆြးေႏြးသြားၾကမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ နုိင္ငံျခားကုမၸဏီက ျမန္မာသေဘၤာသားေတြရဲ႕ ကြ်မ္းက်င္မႈေတြကုိ ၾကည့္ၿပီး အလုပ္ခန္႔အပ္လာႏုိင္ဖို႔ အခု က်င္းပမယ့္ ညီလာခံကေနတဆင့္ မီးေမာင္းထုိးျပသြားမွာလည္း ျဖစ္တယ္လုိ႔ ျမန္မာ့ေရေၾကာင္း အတတ္ပညာရွင္မ်ားအသင္း ဒုတိယ ဥကၠ႒ (၂) ကပၸတိန္ စန္းဦးက ေျပာပါတယ္။

အဲဒီ ညီလာခံမွာ ပုိ႔ေဆာင္ဆက္သြယ္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြနဲ႔ ျမန္မာႏုိင္ငံက အသိပညာရွင္ေတြနဲ႔ အတတ္ပညာရွင္ေတြ၊ လက္ရွိ ကုန္သြယ္ေရးနဲ႔ ဆက္စပ္ေနတဲ့ ျပည္တြင္းစီးပြားေရး လုပ္ငန္းရွင္ေတြ၊ သေဘၤာကုမၸဏီက ကပၸတိန္ေတြအျပင္ ကမာၻ႔ေရေၾကာင္း တကၠသုိလ္က အၿငိမ္းစား ပါေမာကၡေတြ၊ အေရွ႕ဥေရာပ၊ အေနာက္ဥေရာပ ကြ်မ္းက်င္ပညာရွင္ေတြ လာေရာက္ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့ရေကြောင်း ညီလာခံ ပထမဆုံးအကြိမ် ကျင်းပမယ်

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ပြုလုပ်မယ့် ၂၀၁၈ ခုနှစ် မြန်မာ့ရေကြောင်း ညီလာခံကို ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden ဟိုတယ်မှာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာ့ရေကြောင်း ညီလာခံမှာတော့ ရေကြောင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သင်္ဘောသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေနိုင်ဖို့အတွက် ညီလာခံမှာ စုပေါင်းဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားကုမ္ပဏီက မြန်မာသင်္ဘောသားတွေရဲ့ ကျွမ်းကျင်မှုတွေကို ကြည့်ပြီး အလုပ်ခန့်အပ်လာနိုင်ဖို့ အခု ကျင်းပမယ့် ညီလာခံကနေတဆင့် မီးမောင်းထိုးပြသွားမှာလည်း ဖြစ်တယ်လို့ မြန်မာ့ရေကြောင်း အတတ်ပညာရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ (၂) ကပ္ပတိန် စန်းဦးက ပြောပါတယ်။

အဲဒီ ညီလာခံမှာ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံက အသိပညာရှင်တွေနဲ့ အတတ်ပညာရှင်တွေ၊ လက်ရှိ ကုန်သွယ်ရေးနဲ့ ဆက်စပ်နေတဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေ၊ သင်္ဘောကုမ္ပဏီက ကပ္ပတိန်တွေအပြင် ကမ္ဘာ့ရေကြောင်း တက္ကသိုလ်က အငြိမ်းစား ပါမောက္ခတွေ၊ အရှေ့ဥရောပ၊ အနောက်ဥရောပ ကျွမ်းကျင်ပညာရှင်တွေ လာရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)