
0
984




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို ၂၀၂၀ အတွက် ချိန်ထိုးစရာလုပ်ဖို့ ခက်

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ချိန်ထိုးစရာအဖြစ်လုပ်ဖို့ ခက်ခဲတယ်လို့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။

မြန်မာ့ရွေးကောက်ပွဲစနစ်က သိပ်ရှုပ်ထွေးပြီး နိုင်ငံရေးအခင်းအကျင်းဟာလည်း မဲဆန္ဒနယ် တစ်ခုနဲ့ တစ်ခုဟာ အလွန်ကွဲပြားခြားနားကြောင်း၊ အခု ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ချိန်ထိုးစရာအဖြစ် ယူဖို့ ခက်ခဲကြောင်း ဘန်ကောက်ပို့စ် သတင်းစာကို ဒေါက်တာ သန့်မြင့်ဦးက ပြောခဲ့တာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၃ ခုအနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရဟာ မဲဆန္ဒနယ် ၇ ခုမှာ အနိုင်ရရှိခဲ့ပါတယ်။ ကျန်မဲဆန္ဒနယ်တွေကို အဓိကပြိုက်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက အနိုင်ရခဲ့တာ ဖြစ်လို့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အလားအလာကို သုံးသပ်နေကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)