ျမန္မာႏိုင္ငံမွာ လုပ္စရာေတြ ထပ္ရွိေနတယ္လို႔ Facebook ရဲ႕ အစီရင္ခံစာက ေဖာ္ျပ

0
998

ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္လို႔ စံုစမ္းေလ့လာခိုင္းတဲ့ အစီရင္ခံစာအရ လူမႈကြန္ရက္အတြင္း ပဋိပကၡေတြကို ႏိႈးေဆာ္ဖို႔ သံုးေနတာကို တားဆီးမႈေတြဟာ မလံုေလာက္ဘူးလို႔ ေဖာ္ျပေၾကာင္း Facebook ကုမၸဏီက ေျပာပါတယ္။

အစီရင္ခံစာကို အေမရိကန္၊ ဆန္ဖရန္စစၥကို အေျခစိုက္ အက်ိဳးအျမတ္မယူတဲ့ လူမႈစီးပြားတာဝန္ယူမႈ စိစစ္ေလ့လာေရးအဖြဲ႔ (BSR) က တင္ျပခဲ့တာ ျဖစ္ၿပီး ျမန္မာအစိုးရ တာဝန္ရွိသူေတြ၊ အရပ္ဖက္အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ တိုးျမွင့္ၿပီး မူဝါဒပိုင္းကို ပိုမိုတင္းက်ပ္ဖို႔ လိုတယ္လို႔ Facebook ကို အစီရင္ခံစာက အႀကံေပးထားပါတယ္။

ဒီႏွစ္ အေစာပိုင္းမွာ Facebook ကို အြန္လိုင္းျပင္ပ ပဋိပကၡေတြ ႏိႈးေဆာ္ဖို႔ သံုးေနတာကို တားဆီးဖို႔ လံုေလာက္တဲ့ အကူအညီ မေပးႏိုင္ခဲ့ဘူးလို႔ အစီရင္ခံစာက ေဖာ္ျပေၾကာင္း၊ ကြ်န္ေတာ္တို႔ ထပ္လုပ္စရာေတြ ရွိေသးတယ္ဆိုတာ သေဘာတူပါေၾကာင္း Facebook ထုတ္လုပ္ေရး မူဝါဒ မန္ေနဂ်ာ အဲလက္စ္ ဝါေရာ္ဖ္ကာက ေျပာပါတယ္။

Facebook အေနနဲ႔ ၂၀၂၀ ျပည့္ႏွစ္ ျမန္မာ့ေရြးေကာက္ပြဲမွာ ကိုင္တြယ္ႏိုင္ဖို႔ ျပင္ဆင္ေရးနဲ႔ WhatsApp အပလီေကးရွင္း အသံုးျပဳမႈ ျမန္မာႏိုင္ငံမွာ ႀကီးထြားလာတာ ျပႆနာသစ္ျဖစ္ေၾကာင္းလည္း လူမႈစီးပြားတာဝန္ယူမႈ စိစစ္ေလ့လာေရးအဖြဲ႔က သတိေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံမှာ လုပ်စရာတွေ ထပ်ရှိနေတယ်လို့ Facebook ရဲ့ အစီရင်ခံစာက ဖော်ပြ

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ စုံစမ်းလေ့လာခိုင်းတဲ့ အစီရင်ခံစာအရ လူမှုကွန်ရက်အတွင်း ပဋိပက္ခတွေကို နှိုးဆော်ဖို့ သုံးနေတာကို တားဆီးမှုတွေဟာ မလုံလောက်ဘူးလို့ ဖော်ပြကြောင်း Facebook ကုမ္ပဏီက ပြောပါတယ်။

အစီရင်ခံစာကို အမေရိကန်၊ ဆန်ဖရန်စစ္စကို အခြေစိုက် အကျိုးအမြတ်မယူတဲ့ လူမှုစီးပွားတာဝန်ယူမှု စိစစ်လေ့လာရေးအဖွဲ့ (BSR) က တင်ပြခဲ့တာ ဖြစ်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး မူဝါဒပိုင်းကို ပိုမိုတင်းကျပ်ဖို့ လိုတယ်လို့ Facebook ကို အစီရင်ခံစာက အကြံပေးထားပါတယ်။

ဒီနှစ် အစောပိုင်းမှာ Facebook ကို အွန်လိုင်းပြင်ပ ပဋိပက္ခတွေ နှိုးဆော်ဖို့ သုံးနေတာကို တားဆီးဖို့ လုံလောက်တဲ့ အကူအညီ မပေးနိုင်ခဲ့ဘူးလို့ အစီရင်ခံစာက ဖော်ပြကြောင်း၊ ကျွန်တော်တို့ ထပ်လုပ်စရာတွေ ရှိသေးတယ်ဆိုတာ သဘောတူပါကြောင်း Facebook ထုတ်လုပ်ရေး မူဝါဒ မန်နေဂျာ အဲလက်စ် ဝါရော်ဖ်ကာက ပြောပါတယ်။

Facebook အနေနဲ့ ၂၀၂၀ ပြည့်နှစ် မြန်မာ့ရွေးကောက်ပွဲမှာ ကိုင်တွယ်နိုင်ဖို့ ပြင်ဆင်ရေးနဲ့ WhatsApp အပလီကေးရှင်း အသုံးပြုမှု မြန်မာနိုင်ငံမှာ ကြီးထွားလာတာ ပြဿနာသစ်ဖြစ်ကြောင်းလည်း လူမှုစီးပွားတာဝန်ယူမှု စိစစ်လေ့လာရေးအဖွဲ့က သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)