Reuters သတင္းေထာက္ေတြ လႊတ္ေပးေရး အဖြဲ႔ ၅၀ ေက်ာ္က ေဒၚေအာင္ဆန္းစုၾကည္ထံ စာပို႔

0
707

ကမာၻတစ္ဝန္းက လူ႔အခြင့္အေရး အဖြဲ႔ေတြနဲ႔ လြတ္လပ္စြာ ေျပာေရးဆိုခြင့္ လႈပ္ရွားတဲ့ အဖြဲ႔ေပါင္း ၅၀ ေက်ာ္က Reuters သတင္းေထာက္ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ကို အျမန္ဆံုး လႊတ္ေပးဖို႔ ပူးတြဲစာတစ္ေစာင္ကို ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ ေပးပို႔လိုက္ပါတယ္။

ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕မွာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၃ ရက္ေန႔က က်င္းပတဲ့ ကမာၻ႔စီးပြားေရး ဖိုရမ္မွာ ေဒၚေအာင္ဆန္းစုၾကည္က Reuters သတင္းေထာက္ေတြဟာ အစိုးရလွ်ိဳ႕ဝွက္ခ်က္ ဥပေဒကို ခ်ိဳးေဖာက္လို႔ အဖမ္းခံရတာ ျဖစ္ေၾကာင္း၊ တရားစီရင္ေရးမွာ ျပႆနာလို႔ တရားဥပေဒ စိုးမိုးေရးကို ေထာက္ျပဖို႔ရွိရင္လည္း ဖိတ္ေခၚတယ္လို႔ ေျပာခဲ့ေၾကာင္း၊ ဒါေၾကာင့္ အခု စာကို ေပးပို႔တာျဖစ္ေၾကာင္း ေျပာခဲ့တယ္လို႔ ႏိုင္ဝင္ဘာလ ၅ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သူတို႔လက္မွာရွိတဲ့ စာရြက္စာတမ္းေတြက အမ်ားျပည္သူ သိရွိေနၿပီ ျဖစ္တာ၊ စာရြက္စာတမ္းေတြကို ရန္သူေတြဆီ၊ ႏိုင္ငံေတာ္ကို ထိခိုက္ေစမယ့္ သူေတြဆီ ေပးပို႔ထားေၾကာင္း အေထာက္အထား မရွိတာ၊ ရဲေတြ ထြက္ဆိုခ်က္ ကြဲလြဲတာ၊ စာရြက္စာတမ္းေတြ ေပးၿပီးတာနဲ႔ သတင္းေထာက္ေတြကို ဖမ္းခဲ့တာလို႔ ထြက္ဆိုရဲအရာရွိ ေထာင္ဒဏ္ခ်မွတ္ခံရတာ၊ စတင္ဖမ္းဆီး စစ္ေဆးစဥ္မွာ ဆိုးဆိုးရြားရြား ဆက္ဆံခံရတာေတြကို ေပးစာထဲမွာ ေထာက္ျပထားပါတယ္။

ဒါ့အျပင္ အျမန္ဆံုးနဲ႔ ျခြင္းခ်က္မရွိ လႊတ္ေပးဖို႔ လြတ္လပ္စြာ ေျပာေရးဆိုခြင့္ကို တင္းက်ပ္ထားတဲ့ ဥပေဒေဟာင္းေတြကို ႏိုင္ငံတကာ လူ႔အခြင့္အေရး စံႏႈန္းေတြနဲ႔ ညီေအာင္ ျပင္ဆင္ဖို႔လည္း တိုက္တြန္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Reuters သတင်းထောက်တွေ လွှတ်ပေးရေး အဖွဲ့ ၅၀ ကျော်က ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့

ကမ္ဘာတစ်ဝန်းက လူ့အခွင့်အရေး အဖွဲ့တွေနဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့် လှုပ်ရှားတဲ့ အဖွဲ့ပေါင်း ၅၀ ကျော်က Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမြန်ဆုံး လွှတ်ပေးဖို့ ပူးတွဲစာတစ်စောင်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်က Reuters သတင်းထောက်တွေဟာ အစိုးရလျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်လို့ အဖမ်းခံရတာ ဖြစ်ကြောင်း၊ တရားစီရင်ရေးမှာ ပြဿနာလို့ တရားဥပဒေ စိုးမိုးရေးကို ထောက်ပြဖို့ရှိရင်လည်း ဖိတ်ခေါ်တယ်လို့ ပြောခဲ့ကြောင်း၊ ဒါကြောင့် အခု စာကို ပေးပို့တာဖြစ်ကြောင်း ပြောခဲ့တယ်လို့ နိုင်ဝင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့လက်မှာရှိတဲ့ စာရွက်စာတမ်းတွေက အများပြည်သူ သိရှိနေပြီ ဖြစ်တာ၊ စာရွက်စာတမ်းတွေကို ရန်သူတွေဆီ၊ နိုင်ငံတော်ကို ထိခိုက်စေမယ့် သူတွေဆီ ပေးပို့ထားကြောင်း အထောက်အထား မရှိတာ၊ ရဲတွေ ထွက်ဆိုချက် ကွဲလွဲတာ၊ စာရွက်စာတမ်းတွေ ပေးပြီးတာနဲ့ သတင်းထောက်တွေကို ဖမ်းခဲ့တာလို့ ထွက်ဆိုရဲအရာရှိ ထောင်ဒဏ်ချမှတ်ခံရတာ၊ စတင်ဖမ်းဆီး စစ်ဆေးစဉ်မှာ ဆိုးဆိုးရွားရွား ဆက်ဆံခံရတာတွေကို ပေးစာထဲမှာ ထောက်ပြထားပါတယ်။

ဒါ့အပြင် အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို တင်းကျပ်ထားတဲ့ ဥပဒေဟောင်းတွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ညီအောင် ပြင်ဆင်ဖို့လည်း တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)