ေနျပည္ေတာ္က ACE လုပ္ငန္းစုပိုင္ စားေသာက္ဆိုင္ လုပ္ငန္းအားလံုး ရပ္ဆိုင္း

0
282

ေနျပည္ေတာ္က ျပည္ေထာင္စု လႊတ္ေတာ္နဲ႔ ျပည္သူ႔လႊတ္ေတာ္မွာ ဖြင့္လွစ္ထားတဲ့ ACE လုပ္ငန္းစုပိုင္ ေဘာဂသိဒၶိ စားေသာက္ဆုိင္ လုပ္ငန္းအားလံုးဟာ ႏို၀င္ဘာလ ၃ ရက္ေန႔က စတင္ျပီး ရပ္ဆိုင္းသြားခဲ့ပါတယ္။

ဦးျဖိဳးကိုကိုတင့္ဆန္းအမႈကိစၥနဲ႔ လတ္တေလာျဖစ္ပြားေနတဲ့ ACE လုပ္ငန္းစုရဲ႕ အေျခအေနအရ ၇ ႏွစ္နီးပါး ဖြင့္လာတဲ့ စားေသာက္ဆိုင္လုပ္ငန္းေတြကို သူတို ့ကိုယ္တိုင္ ရပ္ဆိုင္းလိုက္တာျဖစ္တယ္လို႔ ျပည္သူ ့လႊတ္ေတာ္ ညႊန္ၾကားေရးမွဴးခ်ဳပ္တစ္ဦးက ေနျပည္ေတာ္မွာ သတင္းေထာက္ေတြကိုေျပာၾကားခဲ့တာပါ။

အဲ့ဒီ ရပ္ဆိုင္းသြားခဲ့တဲ့ ဆိုင္ေတြ ေနရာမွာ စစ္မွန္၊ ရန္ကုန္စတိုင္၊ ေမာခမ္းႏြံ နဲ႔ Peace ဆိုင္မ်ားက ဝင္ေရာက္ ေနရာယူမွာျဖစ္သလို ျပည္သူ႕လႊတ္ေတာ္တြင္ Peace က ဆိုင္ခန္းရရွိၿပီး လႊတ္ေတာ္ ဝန္ထမ္းေတြကို ထမင္းေကြၽးတဲ့ အလုပ္ကိုပါ လႊဲယူခြင့္ရမွာျဖစ္ပါတယ္။

ေနျပည္ေတာ္ေလဆိပ္မွာ ACE ဟိုတယ္ပိုင္ရွင္ ဦးၿဖိဳးကိုကိုတင့္ဆန္း နဲ႔ ACE ဟိုတယ္က အမ်ိဳးသား ၂ ဦးကို တရားမဝင္ လက္နက္နဲ႕မူးယစ္ေဆးဝါးေတြကို ဖမ္းဆီးရမိခဲ့တဲ့အတြက္ ACE လုပ္ငန္းစု က လူ ၁၅ ဦးကို ပုဒ္မေပါင္း ၁၇ ခုနဲ႔ ဖမ္းဆီးထိန္းသိမ္းထားပါတယ္။
………………… ။ ။ ……………………

နေပြည်တော်က ACE လုပ်ငန်းစုပိုင် စားသောက်ဆိုင်လုပ်ငန်းအားလုံးရပ်ဆိုင်း
နေပြည်တော်က ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ ဖွင့်လှစ်ထားတဲ့ ACEလုပ်ငန်းစုပိုင် ဘောဂသိဒ္ဓိ စားသောက်ဆိုင်လုပ်ငန်းအားလုံးဟာ နိုဝင်ဘာလ ၃ ရက်နေ့က စတင်ပြီး ရပ်ဆိုင်း သွားခဲ့ပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းအမှုကိစ္စနဲ့ လတ်တလောဖြစ်ပွားနေတဲ့ ACE လုပ်ငန်းစုရဲ့ အခြေအနေအရ ၇ နှစ်နီးပါး ဖွင့်လာတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေကို သူတို ့ကိုယ်တိုင် ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ပြည်သူ ့လွှတ်တော် ညွှန်ကြားရေးမှူးချုပ်တစ်ဦးက နေပြည်တော်မှာ သတင်းထောက်တွေကိုပြောကြားခဲ့တာပါ။

အဲ့ဒီ ရပ်ဆိုင်းသွားခဲ့တဲ့ ဆိုင်တွေ နေရာမှာ စစ်မှန်၊ ရန်ကုန်စတိုင်၊ မောခမ်းနွံ နဲ့ Peace ဆိုင်များက ဝင်ရောက် နေရာယူမှာဖြစ်သလို ပြည်သူ့လွှတ်တော်တွင် Peace က ဆိုင်ခန်းရရှိပြီး လွှတ်တော် ဝန်ထမ်းတွေကို ထမင်းကျွေးတဲ့ အလုပ်ကိုပါ လွှဲယူခွင့်ရမှာဖြစ်ပါတယ်။

နေပြည်တော်လေဆိပ်မှာ ACE ဟိုတယ်ပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်း နဲ့ ACE ဟိုတယ်က အမျိုးသား ၂ ဦးကို တရားမဝင် လက်နက်နဲ့မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တဲ့အတွက် ACE လုပ်ငန်းစု က လူ ၁၅ ဦးကို ပုဒ်မပေါင်း ၁၇ ခုနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)