မြတ္စလင္ ဒုကၡသည္အေရး ညိႇႏိႈင္းအေျဖရွာမရရင္ ပိတ္ဆို႔အေရးယူမယ္လို႔ အေမရိကန္ ေျပာ

0
271

ရခိုင္ျပည္နယ္ အက်ပ္အတည္းမွာ ျမန္မာႏိုင္ငံနဲ႔ ေဆြးေႏြးညွိႏိႈင္း အေျဖရွာဖို႔ ဦးစားေပးမွာျဖစ္ၿပီး ညွိႏိႈင္းအေျဖရွာလို႔ မရရင္ ပိတ္ဆို႔အေရးယူမႈေတြ လုပ္မယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ ႏိုင္ငံေရးရာ ဒုတိယ ဝန္ႀကီး ေသာမတ္ ရွန္ႏြန္က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ကို ေရာက္ရွိေနတဲ့ ဒု ဝန္ႀကီး ေသာမတ္ ရွန္ႏြန္က ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီး ရွာဟီဒူလ္ ဟာကူနဲ႔ ႏိုဝင္ဘာ ၅ ရက္ေန႔က ေတြ႔ဆံုၿပီးေနာက္ သတင္းေထာက္ေတြကို အဲဒီလို ေျပာၾကားတာ ျဖစ္ပါတယ္။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ အရာရွိေတြ ေတြ႔ဆံုေဆြးေႏြးမႈေတြ ဆက္လက္ လုပ္ေဆာင္ၿပီး မြတ္စလင္ေတြ ျမန္မာျပည္ဘက္ ျပန္ပို႔ႏိုင္ေရး မူေဘာင္ခ်ႏိုင္ဖို႔နဲ႔ ကိုဖီအာနန္ ေကာ္မရွင္ အႀကံျပဳခ်က္အတိုင္း အျမန္ဆံုး အေကာင္အထည္ေဖာ္ဖို႔ ဒု ဝန္ႀကီး ေသာမတ္ ရွန္ႏြန္က တိုက္တြန္းသြားပါတယ္။
………………….. ။ ။ …………………….

မွတ်စလင် ဒုက္ခသည်အရေး ညှိနှိုင်းအဖြေရှာမရရင် ပိတ်ဆို့အရေးယူမယ်လို့ အမေရိကန် ပြော

ရခိုင်ပြည်နယ် အကျပ်အတည်းမှာ မြန်မာနိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ ဦးစားပေးမှာဖြစ်ပြီး ညှိနှိုင်းအဖြေရှာလို့ မရရင် ပိတ်ဆို့အရေးယူမှုတွေ လုပ်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဒုတိယ ဝန်ကြီး သောမတ် ရှန်နွန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဒု ဝန်ကြီး သောမတ် ရှန်နွန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ရှာဟီဒူလ် ဟာကူနဲ့ နိုဝင်ဘာ ၅ ရက်နေ့က တွေ့ဆုံပြီးနောက် သတင်းထောက်တွေကို အဲဒီလို ပြောကြားတာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ပြီး မွတ်စလင်တွေ မြန်မာပြည်ဘက် ပြန်ပို့နိုင်ရေး မူဘောင်ချနိုင်ဖို့နဲ့ ကိုဖီအာနန် ကော်မရှင် အကြံပြုချက်အတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဒု ဝန်ကြီး သောမတ် ရှန်နွန်က တိုက်တွန်းသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)