သစ္ပင္ကို ကားနဲ႔ တိုက္မိ၊ ထိုင္းတစ္ဦးေသ၊ ျမန္မာ ၁၀ ဦး ဒဏ္ရာရ

0
366

ထိုင္းႏိုင္ငံ၊ ဥဒုန္ဌာနီကေန ရယြန္းကို မဂၤလာေဆာင္သြားတဲ့ ဗင္ကားတစ္စီး သစ္ပင္ကို ဝင္တိုက္မိလို႔ ယာဥ္ေမာင္းသူ ထိုင္းႏိုင္ငံသား ေသဆံုးၿပီး ျမန္မာ ၁၀ ဦး ဒဏ္ရာ ရရွိသြားပါတယ္။

မေန႔က ႏိုဝင္ဘာ ၅ ရက္ေန႔ မနက္ ၃ နာရီခြဲမွာ ဆီမဟာဖို႔ေဒသရွိ ကားလမ္းမွာ လမ္းေဘးက သစ္ပင္ႀကီးကို ဝင္တိုက္မိတာ ျဖစ္ၿပီး ဒဏ္ရာရတဲ့ ျမန္မာ ၁၀ ဦးထဲမွာ မဂၤလာေဆာင္မယ့္ သတို႔သမီးလည္း ပါပါတယ္။

အဒူ ဆရီဖူတာ ေမာင္းလာတဲ့ကားဟာ မဂၤလာေဆာင္သြားၾကမယ့္ ျမန္မာ ၁၀ ဦးကို တင္ေဆာင္ ေမာင္းႏွင္လာတာ ျဖစ္တယ္လို႔ ရဲမႉး ဆီသီပန္က ေျပာပါတယ္။

ယာဥ္ေမာင္း ထိုင္းႏိုင္ငံသားကေတာ့ အခင္းျဖစ္တဲ့ ေနရာမွာပဲ ေသဆံုးသြားၿပီး သတို႔သမီးနဲ႔ ႏွစ္ႏွစ္အရြယ္ ေယာက်ာ္းေလး တစ္ဦးတို႔ကေတာ့ ဒဏ္ရာျပင္းထန္ပါတယ္။ ဆီမဟာဖို႔ ေဆး႐ံုကို ေျခာက္ဦးနဲ႔ က်န္ဒဏ္ရာရသူေတြကို ေက်ာက္ဖရား အဘီဘူဘတ္ ေဆး႐ံုနဲ႔ ကဘင္ဘူရီ ေဆး႐ံုတို႔ကို ခြဲၿပီး ပို႔ေဆာင္ထားပါတယ္။
…………………….. ။ ။ ……………………..

သစ်ပင်ကို ကားနဲ့ တိုက်မိ၊ ထိုင်းတစ်ဦးသေ၊ မြန်မာ ၁၀ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ဥဒုန်ဌာနီကနေ ရယွန်းကို မင်္ဂလာဆောင်သွားတဲ့ ဗင်ကားတစ်စီး သစ်ပင်ကို ဝင်တိုက်မိလို့ ယာဉ်မောင်းသူ ထိုင်းနိုင်ငံသား သေဆုံးပြီး မြန်မာ ၁၀ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

မနေ့က နိုဝင်ဘာ ၅ ရက်နေ့ မနက် ၃ နာရီခွဲမှာ ဆီမဟာဖို့ဒေသရှိ ကားလမ်းမှာ လမ်းဘေးက သစ်ပင်ကြီးကို ဝင်တိုက်မိတာ ဖြစ်ပြီး ဒဏ်ရာရတဲ့ မြန်မာ ၁၀ ဦးထဲမှာ မင်္ဂလာဆောင်မယ့် သတို့သမီးလည်း ပါပါတယ်။

အဒူ ဆရီဖူတာ မောင်းလာတဲ့ကားဟာ မင်္ဂလာဆောင်သွားကြမယ့် မြန်မာ ၁၀ ဦးကို တင်ဆောင် မောင်းနှင်လာတာ ဖြစ်တယ်လို့ ရဲမှူး ဆီသီပန်က ပြောပါတယ်။

ယာဉ်မောင်း ထိုင်းနိုင်ငံသားကတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားပြီး သတို့သမီးနဲ့ နှစ်နှစ်အရွယ် ယောကျာ်းလေး တစ်ဦးတို့ကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ဆီမဟာဖို့ ဆေးရုံကို ခြောက်ဦးနဲ့ ကျန်ဒဏ်ရာရသူတွေကို ကျောက်ဖရား အဘီဘူဘတ် ဆေးရုံနဲ့ ကဘင်ဘူရီ ဆေးရုံတို့ကို ခွဲပြီး ပို့ဆောင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)