ဘိုကေလးမွာ ဆီဂိုေဒါင္ မီးေလာင္

0
345

ဧရာဝတီတိုင္း၊ ဖ်ာပံုခ႐ိုင္၊ ဘိုကေလးၿမိဳ႕နယ္၊ အမွတ္ (၁) ရပ္ကြက္ရွိ ေရႊငါးႀကီးဂိတ္မွာ ဆီဂိုေဒါင္ မီးေလာင္မႈ ဒီေန႔ ေန႔လည္မွာ ျဖစ္ပြားခဲ့ပါတယ္။

ဘိုကေလးၿမိဳ႕နယ္ မီးသတ္စခန္းက မီးသတ္ယာဥ္ ေလးစီး၊ ဖ်ာပံုၿမိဳ႕နယ္ မီးသတ္စခန္းက ယာဥ္ ႏွစ္စီး၊ က်ိဳက္ၿမိဳ႕နယ္ မီးသတ္စခန္းက ယာဥ္ ႏွစ္စီး၊ ေဒးဒရဲ မီးသတ္စခန္းက ယာဥ္ ႏွစ္စီး၊ က်ိဳက္ပိနယ္ေျမ မီးသတ္စခန္းက ယာဥ္ တစ္စီး၊ ေမာ္ကြ်န္းၿမိဳ႕နယ္ မီးသတ္စခန္းက ယာဥ္ တစ္စီး၊ ဘိုကေလးအရန္ မီးသတ္စခန္းက ယာဥ္ သံုးစီးတို႔နဲ႔ ၿငိွမ္းသတ္ခဲ့ၾကပါတယ္။

မြန္းလြဲ တစ္နာရီမွာ မီးကို ၿငိမ္းသတ္ႏိုင္ခဲ့ၿပီး ပ်က္စီးဆံုး႐ံႈးမႈတန္ဖိုးကိုေတာ့ ထုတ္ျပန္ျခင္း မရွိေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘိုကလေးမှာ ဆီဂိုဒေါင် မီးလောင်

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ရွှေငါးကြီးဂိတ်မှာ ဆီဂိုဒေါင် မီးလောင်မှု ဒီနေ့ နေ့လည်မှာ ဖြစ်ပွားခဲ့ပါတယ်။

ဘိုကလေးမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ် လေးစီး၊ ဖျာပုံမြို့နယ် မီးသတ်စခန်းက ယာဉ် နှစ်စီး၊ ကျိုက်မြို့နယ် မီးသတ်စခန်းက ယာဉ် နှစ်စီး၊ ဒေးဒရဲ မီးသတ်စခန်းက ယာဉ် နှစ်စီး၊ ကျိုက်ပိနယ်မြေ မီးသတ်စခန်းက ယာဉ် တစ်စီး၊ မော်ကျွန်းမြို့နယ် မီးသတ်စခန်းက ယာဉ် တစ်စီး၊ ဘိုကလေးအရန် မီးသတ်စခန်းက ယာဉ် သုံးစီးတို့နဲ့ ငြှိမ်းသတ်ခဲ့ကြပါတယ်။

မွန်းလွဲ တစ်နာရီမှာ မီးကို ငြိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)